Chapter 30💜

6.2K 662 89
                                    

ညှို့မျက်ဝန်း

Chapter 30💜


"ကျွန်တော် Jungkook ကိုအကြာကြီးစောင့်နေခဲ့တာ ..."
ဘယ်လောက်ထိစောင့်နေခဲ့ရလဲဆိုတာသိပ်သိတာပေါ့ ။ တောင်းပန်ပါတယ် ဆိုတဲ့စကားကဒီအချိန်မှာမလုံလောက်နိုင်ပေမဲ့ ..

"ငါတောင်းပန်ပါတယ် ရုပ်ဆိုး .. မင်းကိုအကြာကြီးစောင့်နေခိုင်းမိတယ်"
ပြောစရာတွေရှိလို့မဟုတ်ပါဘူးဘယ်လိုစကားလုံးမျိုးနဲ့မှ ဒီကလေးရဲ့စိတ်ဒဏ်ရာကသက်သာစေမယ်ဆိုတာသိလို့ပါ။

ကြောက်လို့တဆတ်ဆတ်တုန်နေတဲ့ ကိုယ်လေးကို  Jungkook ထွေးပွေ့လိုက်သည်။ အားအင်ချိနဲ့နေသေးတဲ့ကိုယ်လေးက စကားလည်းသိပ်မပြောနိုင်သလို တင်းတင်းကျပ်ကျပ်ပြန်လည်ပွေ့ဖက်ဖို့လည်းမတတ်နိုင်ရှာ။

"Jungkook .. အိမ်ပြန်ချင်တယ်"
ပွန်းပဲ့ရာတွေပြည့်နေတဲ့နှုတ်ခမ်းလေးတွေကို အားယူပြီးပူဆာနေရှာတယ်သူမပြောနိုင်လို့သာပေါ့ .. ကျွန်တော့်ကိုဘယ်လောက်တောင်စိတ်ကောက်ပြီးရစ်ချင်နေရှာလဲ?

"အင်း .. အိမ်ပြန်ရအောင်နော်၊ ငါတို့အိမ်ကို ပြန်ကြမယ်"

ဖြူဖျော့ဖျော့ဖြစ်နေတဲ့ကောင်လေးကိုကြည့်ရင်း Jungkook ကသူ့ကိုယ်သူမငိုမိအောင်ထိန်းသည်။ သူငိုလိုက်မိရင် Jimin ပိုပြီးထိတ်လန့်သွားမည်ကိုစိုးတာကြောင့်လည်းပါမည်။

ခတ်ထားတဲ့သံကြိုးတွေကိုဖြည်တော့ နာလို့ထင်ပါရဲ့  ရုပ်ဆိုးကညည်းတယ်ဟုတ်တာပေါ့ .. ခြေထောက်မှာသံကြိုးရာတွေ။ ၄ရက်လုံးလုံးဒီလိုကြီးချည်ထားတာ ခြေထောက်နုနုလေးက ဘယ်လောက်ထိနာကျင်နေလိုက်လဲ?
ငိုအောင်ထိန်းထားပေမဲ့ မျက်ရည်တွေကဆက်တိုက်စီးကျနေတယ်ကျွန်တော်မငိုပါဘူး ..  ကျွန်တော်လုံးဝမငိုဘူးနှလုံးသားကနာကျင်နေတာ!

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now