ညှို့မျက်ဝန်း
Chapter 25💜
"အစ်မSulli !"
တကယ်ကိုနမ်းခါနီးလေးမှ၊ အချိန်ကောင်းကိုမှ အစ်မSulli ကရောက်လာတာ။ ဒါပေမဲ့ ကျွန်တော်တို့ဘာမှမလုပ်ရသေးပါဘူး။
"Jungkook .. မင်း ငါ့မောင်ကိုဘာလုပ်နေတာလဲ?"
"ဗျာ?ကျွန်တော်ဘာမှမလုပ်ရသေးပါဘူး"
"လုပ်တော့မလို့လေ .. မင်းလက်က?"
"အမ်! အာ .."
အစ်မSulli ပြောမှသတိထားမိလိုက်တာ၊ ကျွန်တော့်လက်က ရုပ်ဆိုးရဲ့ရင်ဘတ်ပေါ်နေရာယူပြီးးနေပြီ။ ဒါပေမဲ့ အဲ့ဒါကလည်းအဝတ်တွေကူချွတ်ပေးရင်းနဲ့ပါ၊
"ကလေးကနေကောင်းတာမဟုတ်ဘူးနော် .. Jungkook "
အဲ့ဒါတော့ကျွန်တော်လည်းသိပါတယ်၊ နေမကောင်းပေမဲ့ ကျွန်တော်တို့ကတစ်ခါချစ်ပြီးပြီဆိုတာ သူသာမသိတာ။အခုကလည်း နေမကောင်းတဲ့သူ့မောင်ကပဲ ကျွန်တော့်ကိုမြူဆွယ်နေတာလေ ။ ကျွန်တော်ကဘယ်လိုလုပ်ရမှာတဲ့လဲ?
"အစ်မSulli .. ဘာပြောစရာရှိလို့လဲ?"
"minလေးအတွက်က စွပ်ပြုတ်ပဲရမယ်လို့၊ ကျန်တာကလောလောဆယ်ဘာမှမရှိသေးဘူး၊ အဲ့ဒါလာပြောတာ"
"သြော်... ရပါတယ်။ စွပ်ပြုတ်ကိုပဲကောင်းကောင်းလေးလုပ်ပေးပါ"
"အင်း။အဲ့ဒါဆို အစ်မသွားလုပ်လိုက်မယ်နော်။ ခဏပဲစောင့်"
"ဟုတ်ကဲ့"
Jimin ဝင်ပြောလိုက်တော့မှ အစ်မSulli ကပြောစရာရှိတာပြောပြီးထွက်သွားသည်။ သို့သော် တစ်ခုခုကိုသတိရသွားသလိုနဲ့ အနောက်ကိုပြန်လှည့်လာပြီး ..
"Jeon Jungkook""ဗျာ? "
"မင်း .. ငါ့မောင်ကိုဘာမှလုပ်ဖို့မစဥ်းစားနဲ့နော်၊ ငါလာ,လာချောင်းမှာ"
"ဟုတ်ကဲ့ပါ"
"အဝတ်ပဲသေချာလဲပေးထားလိုက် ကြားလား?"
Jungkook ခေါင်းငြိမ့်ပြရုံသာ၊
BINABASA MO ANG
ညှို့မျက်ဝန်း (Z+U) ~ ( Completed )
Fanfictionအချစ်က ညှို့တယ် ... အခ်စ္က ညှို့တယ် ...