ညှို့မျက်ဝန်း
Chapter 22💜
"ဘာ! မင်းရဲ့ပရိတ်သတ်?"
×××
"Jungkook"
အိမ်ပြန်ရောက်တာနဲ့ ဒီအသံလေးကတကယ်ကိုအမောပြေတယ်။စိတ်တွေရှုပ်ထွေးနေတာမို့ ဘာကိုမှစိတ်မပါသေးပေမဲ့ ဒီအသံလေးကိုတော့မြတ်နိုးတယ်။"ဘာလို့နောက်ကျနေတာလဲ?ကျွန်တော်ဗိုက်ဆာနေပြီ"
ထင်သားပဲ၊ ဒီအချိန်ဆိုသူဆာနေလောက်ပြီလို့!
"ဗိုက်ဆာလို့ဘာပါမလဲမျှော်နေတာလား?လူကိုတော့မမျှော်ဘူးပေါ့"
"မဟုတ်ပါဘူး။ လူကိုလည်းမျှော်ပါတယ်၊ လူလာမှစားစရာပါမှာလေ"
"အတတ်လေး"
သူ့အကြောင်းသိလို့ မန်နေဂျာကြီးဆီကအပြန် ညနေစာတစ်ခါတည်းဝင်ဝယ်ခဲ့တာ။ အားရပါးရစားပေးနေတာလေးက ချစ်စရာကောင်းလွန်းတယ်၊ ပြီးတော့ ကျွန်တော့်ဆီကဘာပဲရရ ကျေကျေနပ်နပ်ကြီးလက်ခံပေးတတ်တာကလည်း တကယ်ကိုကျေးဇူးတင်ဖို့ကောင်းတယ်။"Jungkook စားလေ"
"အင်း ... စားနေတယ်၊မင်းလည်းစား"
"ဟုတ်"
"ဖြည်းဖြည်းစား .. ရော့ ရေသောက်ဦး"
.....
ကာကွယ်ပေးချင်တယ်၊
မဟုတ်ဘူး .. ကာကွယ်ပေးရမယ်။အိပ်နေတဲ့ Jimin မျက်နှာလေးကိုကြည့်ပြီးJungkookတွေးနေမိလေခြင်း။ မသိမသာလှုပ်ယှက်လာတဲ့ကိုယ်လေးက မအိပ်ဘဲကြည့်နေတဲ့Jungkookကိုမြင်တော့ ရင်ခွင်ထဲအတင်းတိုးဝင်လိုက်သေးသည်။
သေးသေးလေးကတပွေ့စာတော့ရှိတာမို့ ထောက်ထားတဲ့လက်ကိုခေါင်းအောက်လျှိုထည့်ပြီး Jungkook ကပြန်ထွေးထားလိုက်သည်။
ညကလှလိမ့်မယ်
သူနဲ့သာရှိနေရရင်ပေါ့။×××
မနေ့ညနေတည်းကJungkookမျက်နှာမကောင်းတာကို Jimin ရိပ်မိသည်။ညနက်ထိမအိပ်တာကိုလည်းသိ၏။
KAMU SEDANG MEMBACA
ညှို့မျက်ဝန်း (Z+U) ~ ( Completed )
Fiksi Penggemarအချစ်က ညှို့တယ် ... အခ်စ္က ညှို့တယ် ...