ညှို့မျက်ဝန်း
Chapter 6💜
"မင်းငါ့ကိုဘာဖြစ်စေချင်နေတာလဲ?"
"ဗျာ...?"
ဒီကိစ္စလေးတစ်ခုကအဲ့လောက်ထိစိတ်တိုစရာမှမလိုတာ၊ မပြောဘဲသွားခဲ့မိတယ်ဆိုရင်တောင် အကြောင်းရင်းရှိလို့ပဲလေ။
"မျက်မှန်ကရော ဘာလို့မတပ်ထားတာလဲ?"
Jungkook ပြောမှ Jimin သတိထားမိသည်။ သို့ပေမဲ့မျက်မှန်မတပ်ဘဲနေတာက သူလည်းမြင်တွေ့ဖူးပြီးသားမို့ တခြားလူမြင်တာဘာဆန်းလို့?။
"မေးနေတယ်လေ ဘာလို့မဖြေပြန်တာလဲ"
"ဘယ်မေးခွန်းကိုဖြေရမလဲမသိလို့"
"အေး ကောင်းတယ်။အမြဲတမ်းအဲ့လိုပဲလုပ်နေလိုက်။ ငါစကားပြောရင် ဗျာ? ဗျာ?၊ ငါတစ်ခုခုမေးလိုက်ရင် ဟင်.. ဟင်..နဲ့ မင်းအဲ့လိုပဲလုပ်နေလိုက်"
အခုကဒေါသထွက်သွားတာလား?
စိတ်ဆိုးသွားတာလား?
သူကိုယ်တိုင်တောင်မသိတော့တာမို့ Jiminကိုပြောဆိုပြီးအပေါ်ကိုတက်သွားတော့သည်။ဒီကိစ္စက ဘာလို့ဒီလိုကြီးအခဲမကြေစရာဖြစ်နေပါလိမ့်???
×××
"ဟို... "
ညကကိစ္စမှာ သူ့အပြစ်ကဘာမှန်းမသိပေမဲ့ မျက်နှာထားတင်းနေတဲ့ Jungkook ကြောင့် Jiminအနေရခက်နေသည်။
တစ်ခုခုဆို အလုပ်ဖြုတ်မယ် ဆိုတဲ့စကားကြောင့်လည်း ပိုလန့်နေမိခြင်းဖြစ်သည်။အခုလည်း သူကစကားစလိုက်ပေမဲ့ Jungkook ကဘာစကားမှပြန်မပြော။
အထုပ်တွေတင်ပီးတာနဲ့ Jungkook ကားပေါ်တက်သွားသည်။
တစ်ဖက်ကတံခါးမဖွင့်ရသေးတာမို့ အထဲကနေပဲတွန်းဖွင့်ပေးလိုက်ပြီး မျက်နှာကိုဆက်တင်းထား၏။Jimin လည်းတံခါးကိုလက်ကိုင်ကနေဆွဲဖွင့်ပြီး ကားပေါ်တက်နေရာယူသည်၊ ကားထွက်မယ်လုပ်တော့ ..
"ခါးပတ်,ပတ်လေ!"
သတိပေးချက်အသံထွက်လာတာကြောင့် Jungkook ပြောလိုက်ခြင်း၊
Jiminကိုတော့ လှည့်မကြည့်။"ဘာလုပ်နေတာလဲ? ခါးပတ်,ပတ်လို့ပြောနေတယ်လေ"
"မလုပ်တတ်ဘူးလေ"
YOU ARE READING
ညှို့မျက်ဝန်း (Z+U) ~ ( Completed )
Fanfictionအချစ်က ညှို့တယ် ... အခ်စ္က ညှို့တယ် ...