Chapter 21💜

6.8K 705 61
                                    

ညှို့မျက်ဝန်း

Chapter 21💜

"minလေး"

တစ်စုံတစ်ခုကညှို့ယူထားတုန်းမှာ လွတ်မြောက်ခြင်းကရောက်လို့လာတယ်သို့ပေမဲ့ဒီလွတ်မြောက်ခြင်းဟာ ဒီအချိန်မှာလိုအပ်သေး

(ဖောင်း ...)
တစ်ဖက်ကခေါ်သံကိုလှည့်ကြည့်လို့အပြီးမှာ  မျက်စိအရှေ့ကထိုအရာဟာ ဘုန်း ခနဲလဲကျသွားတယ်မျက်ဝန်းအစုံကိုတဖန်ပြန်ကြည့်လိုက်တော့  စကားလုံးတွေအများကြီးကိုပုံဖော်ပြသွားသေးတာ။စက္ကန့်ပိုင်းလောက်ကြာမှာပဲ လူတွေအများကြီးအနားကိုရောက်လာပြီး အသံတွေကလည်းအားဆူညံလာတယ်ညှို့ယူခံထားတဲ့စိတ်အစုံက လွတ်ထွက်သွားတော့ လိပ်ပြာပျောက်တဲ့ကိုယ်ဖြစ်သွားခဲ့ရပါတယ်

.....

"minလေး ... minလေး"

"အာ့!"

"minလေး .. ဘာဖြစ်လို့လဲ?"

"မျက်လုံး! ... ကျွန်တော့်မျက်လုံးတွေဖွင့်လို့မရပြန်ဘူး"

"ဟမ် .. ခဏလေးနေဦးနော်! အစ်မ အခုပဲဦးလေးParkကိုသွားခေါ်ပေးမယ်"
ခဏဆိုတာဘယ်လောက်ကြာမှန်း အတိအကျသိပေမဲ့ မျက်လုံးတွေကတော့လုံးဖွင့်လို့မရခဲ့ဘူး

ပြောတဲ့ခဏဆိုတဲ့ အချိန်ကာလတစ်ခုအပြီးမှာတော့ အဖေရောက်လာခဲ့တယ်ဖွင့်မရဘူးလို့ပြောတဲ့ကျွန်တော့်မျက်လုံးတွေကိုအတင်းဆွဲဖွင့်ကြည့်တယ်ပထမတစ်ခေါက်တုန်းက အလင်းဒဏ်ကိုပဲစူးစူးရှရှကြီးခံနိုင်ခဲ့တာအခုအလင်းမှုန်တွေကြားကိုတောင်မထိုးဖောက်နိုင်တော့ဘူး

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now