ညှို့မျက်ဝန်း
Chapter 19💜
"Jungkook"
Jeon Jungkookလုံးဝလှည့်မကြည့်တော့ပါ။
မနေ့ကလည်း သူ့ကိုအလိုလိုက်ပေးခဲ့ပြီးပြီမို့။"Jungkook လို့"
ကုတင်ပေါ်လှဲအိပ်ရင်းတစ်ဖက်ကိုတောင် စောင်းသွားသေးသည်။
"Jungkook ကကျွန်တော့်ကိုမခေါ်တော့ဘူးပေါ့၊ အဲ့ဒါဆိုလည်း ကျွန်တော်အောက်မှာပဲသွားအိပ်တော့မယ်နော်"
သူလှည့်ကြည့်လာမလားလို့ တမင်ပြန်ရွဲ့ပြီးပြောလိုက်ပေမဲ့ လုံးဝကိုလှည့်မကြည့်ဘူး။
Jimin ဘာပြောပြော Jungkook မသိချင်ယောင်ဆောင်နေသည်။ မသွားဖို့တားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ Jimin ရပ်နေသေးသည်။ လုံးဝမလှုပ်တဲ့အဆုံးမှ ထိုအခန်းထဲကနေတကယ်ထွက်လာလိုက်၏။
Jimin ထွက်သွားပြီး တံခါးပိတ်သံကြားတော့မှ Jungkook အနောက်ကိုဖြည်းဖြည်းလေးခေါင်းလှည့်ကြည့်သည်။တကယ်ထွက်သွားတာသေချာတော့မှတစ်ကိုယ်လုံးလှည့်လာပြီး ကုတင်ကိုလက်သီးနဲ့ထုတော့၏။
သူစိတ်ဆိုးရင်ကျချော့ရပြီး ငါစိတ်ကောက်တော့ကျဒီတိုင်းထွက်သွားတယ်တဲ့လား?
တစ်ယောက်ထဲနာရီဝက်လောက် အခန်းထဲလျှောက်နေရင်း Jungkook မနေနိုင်တော့။Jimin ကသူ့ကိုပြန်ပြီးစိတ်ဆိုးသွားတာလား? ဆိုတဲ့စိတ်ကလူကိုနေမရအောင်လှုံ့ဆော်နေတာမို့ အောက်ဆင်းကြည့်ဖို့တံခါးဖွင့်လိုက်သည်။
"ရုပ်ဆိုး! "
အောက်မှာသွားအိပ်မယ်ဆိုတဲ့လူက အခန်းတံခါးရှေ့မှာကျုံ့ကျုံ့လေးထိုင်နေတယ်၊ ပြီးတော့ ..
"ရုပ်ဆိုး .. ဒီမှာဘာထိုင်လုပ်နေတာလဲ? ဟင် .. ငိုနေတာလား?"
"မငိုပါဘူး"
"ဘာမငိုဘူးလဲ ဒီကိုကြည့်။တွေ့လား .. ငိုနေတာကို? ဘာလို့ငိုနေရတာလဲကွာ"
"မငိုဘူးလို့ပြောနေတယ်လေ"
နှာခေါင်းကတရှုံ့ရှုံ့နဲ့ မျက်ရည်တွေဝိုင်းနေတာကို သူမငိုဘူးအတင်းငြင်းနေသေးတာ။