Chapter 23💜

5.8K 672 39
                                    

ညှို့မျက်ဝန်း

Chapter 23💜

"Jungkook ... တကယ့်ပြဿနာကအခုမှစတာ"

" ? "

"ကောင်လေးအဖေဆီကအကြောင်းကြားလာတယ်၊ သူ့သားကိုလာပြန်ခေါ်တော့မယ်တဲ့"

"ဗျာ! "
ဒါကမှတကယ်ကိုမိုးကြိုးပစ်ခံရတာ၊ဘယ်လိုအခြေအနေကြီးလဲ?အဓိပ္ပါယ်မရှိလိုက်တာ။

"မနက်ဖြန်ရောက်မှာမို့လို့ တစ်ခါတည်းဘူတာရုံမှာစောင့်နေပါတဲ့"

"ဒါကတော့အရမ်းလွန်သွားပြီ အစ်ကို"

"ဟေ့ကောင် ငါပြောတာမှမဟုတ်တာ။သူ့အဖေပြောတာလေကွာ"

"သိတယ်လေ။ဒါပေမဲ့ မနက်ဖြန်ချက်ချင်းကြီးခေါ်သွားမယ်ဆိုတာကလွန်လွန်းတယ်လေဗျာ။အခုကျွန်တော်ကဘာလုပ်ရမှန်းတောင်မသိသေးတာ"

"အေး အဲ့ဒါတော့ငါလည်းမတတ်နိုင်ဘူး။မင်းဘာသာမင်းပဲကြည့်လုပ်တော့ ငါကတော့ပြောစရာရှိတာပြောပြီးပြီ .. ဒါပဲ"

"အစ်ကို... အစ်ကို... "
တစ်ဖက်ကဖုန်းချသွားတာနဲ့ Jungkook မှင်သက်သွားသည်။ ဘာဖြစ်တာလဲဆိုတာကို သိချင်နေတဲ့ Jimin ကလည်းမျက်လုံးလေးအဝိုင်းသား။

ပြောပြဖို့မပြောပြဖို့ထက် ပြန်လွှတ်ဖို့မလွှတ်ဖို့က Jungkook အတွက်ပိုအရေးကြီးနေသည်။
Jimin အိပ်ပျော်နေတုန်း Jungkook မန်နေဂျာကြီးဆီဖုန်းထပ်ဆက်သည်၊ အကျိုးအကြောင်းသေချာမေးကြည့်တော့ အစ်မSulli လက်ချက်ပင်!

Jimin ဖြစ်ခဲ့တဲ့ပြဿနာကို သူ့အဖေကိုပြောပြလိုက်ခြင်းတဲ့လေ။ ဒီအတွက်တော့စိတ်ဆိုးစရာမရှိပါဘူး။သူတို့မိသားစုအသိုင်းအဝိုင်းက အနေကြီးတာမို့ ဒါမျိုးကဖုံးကွယ်လို့ရမှာမဟုတ်ဘူးဆိုတာကြိုတွက်ထားပြီးသား။

အခြေအနေကတွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းသည်။ Jimin ကကျွန်တော့်ကိုဘယ်လောက်ပဲချစ်ချစ် သူ့အဖေကလာခေါ် တယ်ဆိုရင်တော့ ပြန်လိုက်သွားမှာအသေအချာပဲသူ့အဖေခွင့်ပြုချက်မရှိဘဲဘာမှလုပ်မှာမဟုတ်သလို သူ့သဘောနဲ့သူလည်းကျွန်တော့်ဆီပြန်လာမှာမဟုတ်ဘူးဒီ့ထက်ကြောက်စရာကောင်းတာရှိတော့ဘူး

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Kde žijí příběhy. Začni objevovat