Chapter 10💜

7.5K 824 81
                                    

ညှို့မျက်ဝန်း

Chapter 10💜




"ဘာလို့လဲ?ဘာလို့လာခေါ်မှာလဲ?ပြောထားတဲ့အချိန်မပြည့်သေးဘူးလေ။ဘာကိစ္စရှိလို့လာခေါ်တာလဲ? မင်းကရောငါ့ကိုဘာလို့ဘာမှမပြောတာလဲ?"

"Jungkook"

Jungkook ရဲ့ဆက်တိုက်ဆိုလာတဲ့ မေးခွန်းတွေကို Jimin အမြန်လေးတားဆီးလိုက်သည်။ အကြောင်းရင်းတောင်မပြောရသေးခင် ဆူဖို့ငေါက်ဖို့အထိလုပ်နေတာမို့ လူကလည်းလန့်လာပြီဖြစ်သည်။

"အဖေလာခေါ်မယ်ဆိုတာ မန်နေဂျာကြီးကိုကြိုပြောပြီးသားပါ"

"ဘာ!သူကမင်းအလုပ်ရှင်လားငါကမင်းအလုပ်ရှင်လား?"

"အဖေကအပြီးလာခေါ်တာမဟုတ်ပါဘူး။ သန်ဘက်ခါကျရင် ကျွန်တော်တို့ရဲ့ရိုးရာပွဲတော်နေ့ရှိလို့ပါ"

"ပွဲတော်? ဘာပွဲတော်လဲ?"

"ကျွန်တော်တို့ရွာရဲ့ရိုးရာပူဇော်ပွဲပါ"

"အဲ့ဒါကမင်းရှိမှဖြစ်မှာလား?"

"ဟုတ်"

" ??? "
Jungkookဘာမှထပ်မပြောဘဲ တစ်ခုခုကိုစဥ်းစားနေ၏။

တကယ်ပဲ ဘာမို့လို့သူရှိမှဖြစ်မှာလဲ?
ပြီးတော့ ပြန်လာရင်ရောဘယ်လိုလုပ်လဲ?
ရိုးရာပွဲကရော ဘာကြီးလဲ?

အစရှိသဖြင့် အတွေးတွေကခေါင်းထဲပြည့်ကျပ်လာသည်။သူပြန်မလာမှာစိုးတဲ့စိတ်က ဘယ်ကကပ်ပါလာမှန်းမသိပေမဲ့ အမှန်တကယ်စိုးရိမ်နေခြင်း။မန်နေဂျာကြီးကလည်းခွင့်ပြုပြီးပြီမို့ မသွားဖို့လည်းတားမရတော့။

"ဘယ်ကိုလာခေါ်မှာလဲ?"

"ကျွန်တော့်ကိုလိုက်ပို့တဲ့နေရာမှာစောင့်နေမယ်တဲ့"

"အဲ့ဒါကြောင့် ဘယ်နေရာလဲလို့?"

"ဘူတာ"

"ဘူတာ? မင်းဒီကိုလာတုန်းကရထားနဲ့လာတာလား"

"ဟုတ်ကဲ့"

"ဒါဆို ဒီကနေဘူတာကိုဘယ်လိုသွားမှာလဲ?"

"မန်နေဂျာကြီးကလိုက်ပို့မယ်တဲ့"

"သူကလေ? ငါ့အလုပ်တွေတောင်ပြီးအောင်မလုပ်တာ မင်းကိုလိုက်ပို့ဦးမယ်ပေါ့?"

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now