(Unicode)
အပူချိန် 38’C
ဆိုလ်းမြို့ရဲ့ အပူဆုံးနေ့လို့ပြောရအောင်ကို ဒီနေ့ဟာ တော်တော်ပူသည်။
အကျီလက်ရှည်အမည်းကို အပေါ်က ဆိုင်တံဆိပ်ပါတဲ့ ဝတ်စကုတ်ရယ်။ ဂျင်းဘောင်းဘီအနက်ရယ် ။ ဆိုင်ကယ် ဦးထုပ်ကလည်း အနက်ရောင်။ တကယ့်ပူတဲ့နေ့မှ ဝတ်လာတာကလည်း အပူစုပ်တဲ့ အနက်ရောင်တွေချည်း။တစ်နေကုန် deli ပတ်ပို့နေရတာလည်းမောလှပြီ။ ညနေ ငါးနာရီထိုးတော့မှာဆိုပေမယ့် အပူချိန်ကမလျော့သေး။ ဒီနေ့မှလည်း deliတွေကျလွန်းလှသည်။
ငါးနာရီနဲ့ ခုနှစ်နာရီကြားအချိန်က ရုံးဆင်းချိန်မို့ လူကြပ်တော့ ကားတွေကပိတ်နဲ့ ရှောင်းကျန့်အတွက်ကတော့ အရူးချင်ဆုံးအချိန်ပင်။
ဒါနဲ့ လမ်းကြိုလမ်းကြားတွေထဲကနေ မောင်းပြီး ပို့ဖို့ ဆုံးဖြတ်ရတော့သည်။
“ ဒုန်း ဝုန်း “
မြန်မြန်ရောက်ချင်လို့ လမ်းမကြီးကမလာပဲ လမ်းကြိုလမ်းကြားထဲကနေလာပါတယ်ဆိုမှ ကားတစ်စီးနဲ့ ချိတ်မိပြီး ရှောင်းကျန့်ရဲ့ ဆိုင်ကယ်လဲသွားသည်။
“ ဟာကွာ သေစမ်း။ ဒီမအေဘေးကောင်က ဘယ်လိုတွေမောင်း “
ကားတစ်စီးနဲ့ ချိတ်ပြီးလဲတော့ ရှောင်းကျန့်တာ ကိုယ့်ဘာသာကိုယ်အားယူထရင်း ကားမောင်းလာတဲ့သူကိုကျိန်ဆဲနေမိသည်။
ကားကလည်းထိုးရပ်သွားသည်။ အရှေ့က ကားကို ရှောင်းကျန့်က မကြည့်မိသေး။
ပွစိပွစိနဲ့ တစ်ယောက်တည်းရေရွတ်ရင်း ဖုန်တွေခါ ဆိုင်ကယ်ကိုပြန်ထူရသည်။
သွားပြီ။
ဆိုင်ကယ်လဲတော့ အစားအသောက်တွေထည့်ထားတဲ့ box ကြီးကပါ မှောက်သွားတာဖြစ်သည်။ ယူလာတဲ့ ကြက်ကြော်ဘူးတွေကလည်း အဖုံးပွင့်ပြီး ကြက်ကြော်တွေပြုတ်ကျကုန်ပြီ။
ပြီးတော့ ပဲခေါက်ဆွဲဘူး။ အပေါ်က ပလတ်စတစ်အုပ်ထားပေမယ့် မှောက်ကျတော့ ပလတ်စတစ်တွေလည်း အရည်မဲမဲတွေကပ်ကုန်ပြီ။ စားလို့တော့ ရပေမယ့် ကြည့်မကောင်းတော့ပေ။ ဟင်းရည်ထည့်ထားတဲ့ ဖော့ဘူးတွေကလည်း မှောက်လို့။
YOU ARE READING
AI (Edit လုပ်နေဆဲ )