(Unciode)
နေ့လည်ခင်းရောက်တော့ ရှောင်းကျန့်က ဆံပင်ညှပ်ဆိုင်သွားဖို့ ဆုံးဖြတ်လိုက်သည်။
စိတ်များ လန်းဆန်းမလားဆိုပြီးခပ်အုပ်အုပ်ဖြစ်နေတဲ့ ဆံပင်တွေကို တိုနိုင်သမျှတိူအောင် ညှပ်ခိုင်းလိုက၏။
စစ်သားကေလိုလို ရဲသားကေလိုလို ထွက်လာတဲ့ ကိုယ့်ရုပ်ကိုကြည့်ပြီး ခန့်
လိုက်တာဆိုပြီး ခဏတာလေးတော့ စိတ်ထင်မိသည်။ဘယ်ဆိုးလို့တုန်း !ငါက ချောသားပဲ !
အရင်တုန်းက အကြောင်းတွေသာ ပြန်မှတ်မိခဲ့ရင် ကိုယ်ဟာ ခုချိန်ဆ်ို ဘယ်လိုလူဖြစ်နေမလဲ တွေးမိသည်။
ရဲသားတို့ စစ်ဗိုလ်တို့ ဆရာဝန်တို့ တစ်ခုခုများ ဖြစ်နေမလားမသိနိုင်။
ဒါပေမယ့် လောလောဆယ် လက်ရှိဘဝကတော့ ရမ်းချာပြီး ဗရမ်းဗတာနှင့်။
ဒီလို ဥပဓိရုပ်နဲ့ကိုယ်က သူများဆီမှာတောက်တိုမယ်ရတဲ့။ ကြားလို့မှမကောင်းဘူး။
ကံကြမ္မာအရ ဘဝကြီးက ဒီလိုဖြစ်လာတော့လည်း ဘာတတ်နိုင်မှာလဲလို့ သက်ပြင်းချရုံသာရှိတော့သည်။
ဆံပင်ညှပ်ဆိုင်က ထွက်လာတော့ အဝတ်အစားအသစ်တစ်စုံဝယ်လိုက်၏။ necktie မပါတဲ့ suit တစ်စုံကို ဝတ်ပြီး တစ်နေရာကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။
Suit ဝတ်လိုက်တော့လည်း ကိုယ့်ကိုယ်ကို ရုံးဝန်ထမ်းလိုလို အရာရှိလိုလို သူဌေးလိုလိုနဲ့ခံစားရပြန်လေ၏။
အနီးရောပါ မှုန်တဲ့ရှောင်းကျန့်ဟာ မျက်မှန်မတပ်လို့မရပေ။
မျက်ကပ်မှန်လည်း မတပ်ချင်တဲ့အတွက် ရိုးရိုးမျက်မှန်အဝိုင်းပဲတပ်လိုက်သည်။
မျက်မှန်တပ်လိုက်တော့ ကိုယ့်ကိုယ်ကို ပိုပြီး လူကြီးလူကောင်းဆန်သွားသလို ခံစားလိုက်သလိုပင်။
တစ်နေ့နေ့မှာ သေချာပေါက် သူဌေးတစ်ယောက်ဖြစ်ရမယ်လို့ သံဓိဌာန်ချလိုက်သည်။
ဖိုက်တင်း !!
သွားမယ့် နေရာကထွေထွေထူးထူးတော့မဟုတ်။ ဘုရားကျောင်းကိုပဲဖြစ်သည်။
YOU ARE READING
AI (Edit လုပ်နေဆဲ )