(Unicode)
ရိပေါ် တစ်ညလုံး ရုံးခန်းထဲမှာပဲနေဖြစ်သည်။ တိုက်ခန်းကို မပြန်ဖြစ်ပဲ ရုံးခန်းထဲကဆိုဖာပေါ်မှာပဲ အိပ်ပျော်မိသွားတော့သည်။
မနက်ခြောက်နာရီလောက်မှအိပ်ရာကနိုးလာတယ်။ ရိပေါ် အိမ်ပြန်ပြီး တစ်ကိုယ်ရည်ရှင်းရေးလုပ်ရမည်ဟုတွေးလိုက်သည်။
ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဆံပင်နေကို လက်နဲ့သပ်ကာတွန့်ကြေနေတဲ့ အကျီတွေကို ဆွဲဲဖြန့်လိုက်ပြီး ကားသော့ကိုယူ အိမ်ပြန်ဖို့လုပ်သည်။
တကယ်တော့ ရိပေါ်ကရေမချိုးရတာ နှစ်ရက်ရှိပြီ။ မနေ့ညကလည်းမျက်နှာမသစ် သွားမတ်ိုက်ထားပဲ ရုံးခန်းထဲမှာပဲ အိပ်လိုက်မိတာဖြစ်သည်။ ဒီနေ့မနက်လည်း မျက်နှာမသစ်သွားမတိုက်ရသေးတော့ ကိုယ့်ကိုယ်ကို အရမ်းနံတယ်လို့ထင်နေသည်။ ပြီးတော့ ငြီးစီစီနှင့် လူက နုံးနေ၏။
ရုံးခန်းတံခါးကိုဖွင့်လိုက်တော့ တံခါးဝမှာ ကျောပေးပြီးငုတ်တုတ်ထိုင်နေတဲ့လူတစ်ယောက်ကြောင့် လန့်သွားရသည်။
ရုံးခန်းအပြင်ဘက်က မီးမထွန်းထားတာကြောင့် တစ်ထပ်လုံးကမှောင်မဲလို့။
ကုမ္ပဏီအကြီးကြီးထောင်ဖို့အတွက် ရိပေါ်မှာ ငွေအလုံအလောက်မရှိလို့ မြို့ပြင်နားက သူံးထပ်တိုက်ရဲ့ အပေါ်ဆုံးအထပ်ကို ရုံးခန်းအဖြစ်နဲ့စျေးချိုချိုနဲ့ငှားထားခြင်းသာ။
အောက်နှစ်ထပ်လုံးကလည်း ရုံးခန်းတွေပဲ။ ဒါကြောင့် တစ်တိုက်လုံးမှာ ဒီအချိန်ဆို ရိပေါ်က လွဲပြီးဘယ်သူမှမရှိ။ တိုက်ရှေ့မှာ အစောင့်လည်းမထားတော့ ရုတ်တရက်ရိပေါ်ထင်သွားတာက
သရဲ?
"အမလေးဗျာ"
ရိပေါ်က ကြက်သီးတွေထပြီး ထခုန်တော့မယ့်အထိဖြစ်သွားသည်။
မနက်ခြောက်နာရီဆိုပေမယ့် တိုက်ထဲမှာတော့ မှောင်နေသေးတုန်းဖြစ်သည်။
ဖုန်းမီးကိုဖွင့်ပြီးမှ ငုတ်တုတ်ကြီးထိုင်နေတဲ့မည်းမည်းကြီးကို မီးနဲ့ထိုးကြည့်ရသည်။
ဘယ်သူမှန်းမသိရသေး။ ဆောင့်ကြောင့်ထိုင်ပြီး ဒူးနှစ်ဖက်ပေါ်ကို မျက်နှာမှောက်ပြီး အိပ်နေတာဖြစ်သည် ။ ထိုလူ့ဘေးမှာလဲ luggage အကြီး တစ်လုံးနှင့်။
YOU ARE READING
AI (Edit လုပ်နေဆဲ )