AI - 7

4.6K 578 4
                                    

(Unicode)

တိုက်အောက်က ကားပါကင်ရောက်တဲ့အထိ ကားထဲက လေထုက ငြိမ်သက်လို့။  ရိပေါ်နဲ့ ရှောင်းကျန့် စကားတစ်ခွန်းမှမပြောခဲ့ကြပေ။

စကားပြောဖို့ရာလည်းမလိုဘူးလို့ရိပေါ်ထင်သလို ရှောင်းကျန့်ကလည်း ရိပေါ်မျက်နှာထားကိုကြောက်လို့ စကားမပြောရဲ။

ဒါပေမယ့် ရိပေါ်က အိမ်ရောက်ရင်တော့ ရှောင်းကျန့်နာမည်ကိုမေးဖို့ဆုံးဖြတ်ထားတသည်။

နာမည်မသိတဲ့သူတစ်ယောက်ကို အိမ်ပေါ်ထိခေါ်တင်ထားရအောင် မရူးသေးပါ။

ရိပေါ်က ကွန်ဒိုမှာမနေပဲရိုးရိုးတိုက်ခန်းလေးမှာပဲနေတာဖြစ်သည်။ ရိပေါ်ရဲ့တိုက်က မြို့ထဲသိပ်မကျတာ ကြောင့် တိုက်ကလည်း အထပ်မြင့်ကြီးတွေမဟုတ်ပဲ အေးဆေး တိတ်ဆိတ်တဲ့နေရာလေးပဲဖြစ်သည်။

စျေးလည်းချိုသလို မြို့ထဲမဟုတ်တဲ့အတွက် အခန်းကလည်း အတန်အသင့်ကျယ်တယ်။ နေရာလည်း သန့်သည်။ ရိပေါ်နေတာ ငါးလွှာဖြစ်သည်။

တကယ်တမ်းရိပေါ်က ကွန်ဒိူမှာနေချင်ပေမယ့် စုဆောင်းထားသမျှ ပိုက်ဆံတွေအားလုံးနီးပါးကို ကုမ္ပဏီအသေးလေးထဲပဲ ရင်းနှီးမြှုပ်နှံလိုက်ရတော့ ကွန်ဒိုဝယ်ဖို့ ပိုက်ဆံမရှိတော့။ ပြီးတော့  ကိုယ်ကျောတချစာနေရာအတွက် ဒီလောက်ထိ ကွန်ဒိုကြီးမှာ ဇိမ်ခံဖို့ မလိုဘူးလို့လည်း ရိပေါ်ယူဆထားသည်။ ပိုက်ဆံတအားရှာန်ိုင်ရင်တော့ တမျိုးပေမယ့် ခုက လိုမှမလိုပဲ။

လက်ရှိကားတောင်မှ မဖြစ်မနေမို့သာဝယ်လိုက်ရတာဖြစ်ပြီး တကယ်တမ်း ရိပေါ်ကြိုက်တာက ဆိုင်ကယ်စီးရတာဖြစ်သည်။ ဒါပေမယ့် ရုံးကို ဆိုင်ကယ်နဲ့တက်တာကြီးက ရူးပေါပေါနိုင်မယ်ထင်လို့ ကားပဲဝယ်လိုက်တာဖြစ်သည်။

ရိပေါ်က ဓာတ်လှေကားထဲကို ဝင်သွားတော့ ရှောင်းကျန့်ကနောက်ကနေလိုက်ဝင်လိုက်သည်။

ငါးထပ်မြောက်ရောက်တော့ ဓာတ်လှေကားတံခါးပွင့်သွားသည်။ညာဘက်ချိုးလိုက်ပြီး ထောင့်ဆုံးအခန်းက ရိပေါ်အခန်းဖြစ်သည်။

ရိပေါ်ကအခန်းလျှို့ဝှက်နံပါတ်ကို ရိုက်ထည့်မယ်ပြင်တော့ ရှောင်းကျန့်က မျက်နှာလွှဲလိုက်သည်။ သူများ အိမ် လျှို့ဝှက်နံပါတ် မစပ်စုသင့်ဘူးထင်၍ပင်။

AI (Edit လုပ်နေဆဲ )Where stories live. Discover now