AI - 8

4.3K 592 8
                                    

(Unicode)

ရှောင်းကျန့်ကအရင်ဆုံးဖုန်ခါဖို့ လုပ်ရသည်။ ဒါပေမယ့် ဖုန်စုတ်စက် ဘယ်နေရာမှာရှိမှန်းမသိ။ တံမြက်စည်းရယ် ဂေါ်ရယ်လည်း ရှာရဦးမည်။

အခန်းထဲကနေထွက်ဖုန်စုပ်စက်ကိုရှာတော့ တီဗွီစင်ထောင့်နားလေးမှာ ဖုန်စုပ်စက်ကိုတွေ့တော့ ပျော်သွားသည်။ သူဆက်ရှာဖို့လိုတာက တံမြက်စည်းနဲ့ ဂေါ် ။ အဲတာကလည်း မီးဖိုခန်းထဲက အမှိုက်ပုံးနားမှာတွေ့လိုက်သည်။

လိုတဲ့ပစ္စည်းတွေစုံပြီဆိုတော့ သန့်ရှင်းရေးစလုပ်ရတော့တာသည်။ ဖုန်တွေသုတ်ဖို့အတွက်က luggage ထဲက အကျီဟောင်းတထည်ကို ဖြဲပြီး ဖုန်သုတ်ဝတ်လုပ်လိုက်သည်။

ဖုန်စုပ်စက်ကြီး ဖွင့်ပြီး သန့်ရှင်းရေးလုပ်နေ  ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရိပေါ်ကလည်း ဖုန်စုပ်စက်အသံကို မကြားခဲ့ပါ။

ရှောင်းကျန့်ဟာ အခန်းတွင်းကို စိတ်တိုင်းကျ သန့်ရှင်းရေးလုပ်ပြီး ရေချိုးဖို့ပြင်ရသည်။

အချိန်က ကိုးနာရီထိုးနေပြီ။ ဘာမှမစားရသေးတာမို့ ဗိုက်ကလည်း ဆာလှပြီ။

ရေချိုးခန်းဝင်လိုက်တော့သန့်ရှင်းနေလို့တော်ပါသေးသည်။ မဟုတ်ရင် ရေချိူးခန်းပါသန့်ရှင်းရေးထပ်လုပ်ရရင်ဖြင့် ရူးရချည်ရဲ့။

ရေချိုးခန်းထဲမှာ မျက်နှာသစ်ဆေး သွားတိုက်ဆေးသွားတ်ိုက်တံ အသစ် သုံးစုံလောက်ရှိလို့ ရှောင်းကျန့်အတွက်က အဆင်ပြေသွားသည်။

ရေချိူးမယ်လုပ်လိုက်တော့ ရေချိုးခန်းထောင့်မှာ အဝတ်ခြင်းတွေ့သည်။
ကြည့်ရတာ Wang Il-bak ရဲ့ လျှော်ဖို့ အဝတ်တွေနေမည်။

မျက်စိရှေ့မှာမြင်နေရလို့ လျစ်လျူရှုမနေတတ်တာနဲ့ ရိပေါ်အဝတ်တွေကို ရှောင်းကျန့်လျှော်ပေးလိုက်သည်။ သူ့အိမ်မှာ နေနေရတော့ မျက်နှာရလို ရငြား မျက်နှာလုပ်တာလည်းပါသည်။

ရေချိူးခန်းထဲက ထွက်လာတော့ ဆယ်နာရီထိုးနေပြီ။ အဝတ်အစားလဲပြီးတဲ့အထိ ရိပေါ်က ထွက်မလာသေး။

လျော်ပြီးသားအဝတ်တွေကို ဝရန်တာမှာ ထုတ်လှန်းလိုက်သည်။

ဝရံတာမှာ လေလေးတဖြုးဖြူးနဲ့ ရာသီဥတုက ကောင်းလိုက်တာ !

AI (Edit လုပ်နေဆဲ )Where stories live. Discover now