(Unicode)
တစ်ပတ်ပြည့်တော့ ကော်ဖီဆိုင်တစ်ဆိုင်မှာ ရှောင်းကျန့်နဲ့ ရိပေါ်ဟာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
အဲယားကွန်းကြောင့် ကော်ဖီဆိုင်ထဲက အေးစိမ့်စိမ့်လေးဖြစ်နေပေမယ့် ရှောင်းကျန့်ရင်ထဲမှာတော့ မအေးနိုင်ပေ။
ဝမ်ရိပေါ်ကို ပေးရမယ့် အကြွေး နှစ်ဆယ့်ခုနှစ်သိန်းကို တစ်ခါတည်း အကြေမပေးနိုင်သေး လောလောဆယ် ရှောင်းကျန််ဆပ်နိုင်တဲ့ ပမာဏက ဆယ့်ခုနှစ်သိန်း။
ဒါတောင် သူစုထားတဲ့ ငွေဆယ်သိန်းကို ဘဏ်ထဲကထုတ်လာတာဖြစ်သည်။ ကျန်တဲ့ ခုနှစ်သိန်းက အနုတ်တွေရယ် သူငယ်ချင်းဆီကချေးခဲ့တာတွေရယ်ပင်။
ရှောင်းကျန့်ရှေ့က ဝမ်ရိပေါ်ကတော့ ထိုင်ခုံကျောကိုမှီ လက်ပိုက်ပြီးကြည့်နေသည်။
" ဟိုလေ ဒါက အကြွေးပါ "
ရှောင်းကျန့်က ကြွပ်ကြွပ်အိတ်အမည်းရောင်နဲ့ထုတ်ထားတဲ့ ပိုက်ဆံအိတ်ကြီးကို ရှေ့ထိုးပေးလိုက်သည်။
" လောလောဆယ် ဆယ့်ခုနှစ်သိန်းပဲဆပ်ပြီး ကျန်တာ နောက်မှဖြည်းဖြည်းချင်းပြန်ဆပ်လို့ရမလား "
ရှောင်းကျန့်က ပြောတော့ ပြောကြည့်ရပေမယ့် လန့်တော့လန့်သည်။
ရိပေါ်က အင်းမလုပ်အဲမလုပ်ပဲ ပိုက်ဆံထုတ်ကို အရင်ဖြည်ကြည့်သည်။
ထွက်လာတာက အနုတ်တွေအများကြီး။ တစ်ထောင်တန်တွေငါးထောင်တန်တွေနဲ့ အတူ ဝမ်ဆယ်သိန်းတန်တစ်ရွက်ရယ်။ ဝမ်ရိပေါ်ဟာ ပိုက်ဆံတွေကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။
" အနုတ်တွေလက်မခံဘူး "
ရှောင်းကျန့်ဟာ ရိပေါ်စကားကြောင့် နည်းနည်းတော့ ဒေါသထွက်သည်။ အနုတ်တွေလက်မခံနိုင်ရအောင်သူက ဘာကောင်မို့လဲ။ နဂိုကတည်းက ငုံ့မခံတတ်တဲ့ရှောင်းကျန့်ဟာ စကားတစ်ခွန်းဆို တစ်ခွန်း ပြန်ပက်လိုက်ရမှကျေနပ်သည် ။
ဒီကောင်က လွန်ကိုလွန်သည်။
" အနုတ်တွေလက်မခံနိုင်ရအောင် အနုတ်တွေကရော ပိုက်ဆံမဟုတ်လို့လား။ အတန်ကြီးမဟုတ်ပေမယ့်လည်း သုံးစားလို့ရတယ်လေ။ ချီးသုတ်စက္ကူမှမဟုတ်ပဲ "
YOU ARE READING
AI (Edit လုပ်နေဆဲ )