AI - 9

4.3K 594 7
                                    

(Unicode)

အဖျားတက်နေတဲ့ ရိပေါ်ကို ကြည့်ပီး ရှောင်းကျန့် ခဏကြောင်နေမိကာ ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းမသိ။

ပြီးမှသတိဝင်လာတာနဲ့ ရေပတ်တိုက်ပေးဖို့ အမြန်လုပ်ရသည်။

ဟိုဟိုဒီဒီဝေ့ကြည့်လိုက်တော့ ရိပေါ်ရဲ့ အခန်းထဲက ရေချိုးခန်းပါတွဲလျက်ပါတာကို တွေ့ရသည်။

ဒါနဲ့ ရေချိူးခန်းထဲကိုဝင် ဇလုံအသေးလေးရှာတော့ မတွေ့။ တန်းမှာလှန်ထားတဲ့ တဘက် အသေးလေးကို ယူကာ မီးဖိုချောင်ထဲအမြန်ပြေးရ၏။

မီးဖိုချောင်ထဲမှာလည်းက ဇလုံဆိုလို့ စားတဲ့ဇလုံပဲရှိသည်။ ဘာပဲဖြစ်ဖြစ် ရေထည့်လို့ရရင်ပြီးရောဆ်ိုပြီး ရေခဲသေတ္တာထဲက ရေတွေကို ဇလုံထဲထည့် အဝတ်ကိုစွတ်လိုက်သည်။

ဒီလောက်ဆို ရေပတ်တိုက်ပေးလို့ရမယ်ထင်သည်။

အပူသက်သာလို သက်သာငြား ရေခဲရေစိမ်ထားတဲ့ တဘက်ကိုရေညှစ်ပြီး အခေါက်လေးလိုက် ရိပေါ်နှဖူးပေါ်တင်ပေးလိုက်သည်။

တဘက်ကအပူတွေစုပ်ပြီးနွေးလာတဲ့မချိန် ရေပြန်နှစ်လိုက် နှဖူးပေါ်တင်လိုက်လုပ်ပေးနေတာ အချိန်အတော်ကြာတဲ့အထိ။ ဒါကို ရိပေါ်က အဖျားမကျသေး။

ရှောင်းကျန့်လည်း ဒီ့ထက်ပိုပြီး ဘာမှမလုပ်တတ်တော့ပေ။ တော်ကြာ ဒီကောင်လေးသေသွားရင် သူက အရင်ဆုံး အမှုပတ်လိမ့်မည်။

ပြီးတော့ ရှောင်းကျန့်က ဒီရပ်ကွက်ကို မကျွမ်းကျင်တာကြောင့် ဘယ်နေရာဆေးခန်းရှိလဲဆိုတာလည်းမသိ။

အကြံတစ်ခုရတာနဲ့ အခန်းထဲက ဖုန်းကိူ အမြန်ပြေးယူ locationဖွင့်ပြီး google map နဲ့ ဆေးခန်းရှာဖို့ လုပ်ရတော့သည်။

ကံကောင်းထောက်မလို့ လမ်းလျှောက်သွားရင် မိနစ် နှစ်ဆယ်လောက်ကြာမယ့် အကွာအဝေးလောက်မှာ ဆေးခန်းတစ်ခန်းကို မြေပုံပေါ်မှာတွေ့သည်။

မတတ်နိုင်တော့။  ဒီကောင်လေးကို ဆေးရုံခေါ်သွားမှရတော့မည်။

ကုတင်ပေါ်ကရိပေါ်ကတော့ အဖျားတက်လို့ တအင့်အင့်နဲ့ညည်းနေတုန်း။

AI (Edit လုပ်နေဆဲ )Where stories live. Discover now