(Unicode )
မီးဖိုချောင်ထဲကလာတဲ့ ဟင်းနံ့တစ်ခုခုရတော့ ရိပေါ်က အိပ်ချင်မူးတူးဖြင့်ထလာသည်။
ရိပေါ် အိပ်ရာထလာတော့ မနက် ဆယ်နာရီ။
မီးဖိုချောင်ထဲဝင်လိုက်တော့ ရှောင်းကျန့်က အေပရွန်ကြီး တကားကားနဲ့ ဟင်းတွေချက်နေလေသည်။
ကျောပေးထားတာမို့ ရိပေါ်ကို မမြင်ရ။
စားပွဲပေါ်ကို လှမ်းကြည့်လိုက်တော့ ဟင်းအမယ် သုံးလေးမျိုးရှိနေပြီ။
ရှောင်းကျန့်က ဟင်းတစ်ခွက်ကို ပန်းကန်ထဲထည့်ပြီး စားပွဲပေါ်ချမယ်လုပ်တော့ ရိပေါ်ကို တွေ့သည်။
"သြော Wang Il bak နိုးလာပြီလား "
" အင်း "
" မျက်နှာသွားသစ်လိုက်လေ။ မနေ့က ဝယ်လာတာတွေနဲ့ ဟင်းတွေချက်ထားတယ်။ မနက်စာ အဆင်သင့်စားလို့ရပြီ "
" အင်း ဘာတွေချက်ထားတာလဲ "
စိမ်းစိမ်းတွေနီနီတွေဝါဝါတွေမြင်ပေမယ့် ဘာဟင်းတွေချက်ထားမှန်းရိပေါ်မသိ။
ရိပေါ်သိတာ နံနံပင်ပဲရှိသည်။
" အိမ်ကကြက်ကြော် အရသာအတိုင်းကြော်ထားတဲ့ ကြက်ကြော်။အမဲသားကင်။ ဝက်သားလုံးဟင်းရည်။ မုန်ညင်းရွက်ကြော် ။ ကင်ချီ။ ဒါပါပဲ။ "
" ဝိုး ကျွန်တော် ခနနေလာခဲ့မယ် "
ရိပေါ်က ချက်ချင်းပဲ အခန်းထဲပြေးဝင်ပြီး မျက်နှာသစ်သွားတိုက်လိုက်သည်။
အခန်းထဲက ထွက်လာတော့ ရှောင်းကျန့်က အကုန်လုံးပြင်ပြီးနေပြီ။
ရိပေါ်က ချက်ချင်းပဲ ထမင်းစားပွဲမှာထိုင်လိုက်သည်။ ဗိုက်ဆာလှပြီမိူ့ အာရုံက ဟင်းခွက်တွေအပေါ်မှာပဲရှိသည်။
ရှောင်းကျန့်က ခူးပြီးသားထမင်းပန်းကန်ကို ရိပေါ်ရှေ့လာချပေးသည်။ အဆင်သင့်စားရုံပင်။
အားရပါးရစားဖို့တွေးထားတဲ့ ရိပေါ်က တူနဲ့စားရမှာ အားမရလို့ ဇွန်းနဲ့ကော်ဖို့လုပ်သည်။
" ကဲ စားပါတော့မယ် "
ရိပေါ်က ထမင်းမစားခင်ပြောလိုက်သည်။
YOU ARE READING
AI (Edit လုပ်နေဆဲ )