(Unicode)
ရှောင်းကျန့်က အိမ်ပြန်လို့ မရဘူးပြောတာကို ရိပေါ်မယုံ. ပြီးတော့ သူအိမ်ပြန်လို့မရတာလည်း ရိပေါ်နဲ့ မဆိုင်ပေ။
ဒါပေမယ့် ရှောင်းကျန့် ဘာလို့ အိမ်ပြန်လို့မရသလဲဆိုတာကိုတော့ နည်းနည်း စပ်စုချင်သည်။ ပြီးတော့ ဘာလို့ luggage ကြီးကို ယူလာတယ်ဆိုတာကိုရော။
ရိပေါ်က အိမ်ကိုတော့ပြန်ချင်နေပြီ။ ခန္ဓာ ကိုယ်က အရမ်းနံနေသည်။
" ခင်ဗျား ခုံဟို ဘက်အစွန်းမှာသွားထိုင် "
ခုံတန်းရှည်ပေါ်မှာ ရိပေါ်နားကပ်ထိုင်နေတဲ့ ရှောင်းကျန့်ကိုဟိုဘက်တိုးဖို့ပြောရသည်။ ရိပေါ်က အနံ့တွေထွက်နေရင် တဖက်လူကို အားနာတာရော ညစ်ပတ်တဲ့သူလို့ အထင်မခံနိုင်တာလည်းပါသည်။
ဒါပေမယ့် ရှောင်းကျန့်ထင်သွားတာကတစ်မျိုး။ မတူလို့ မတန်လို့များ ဟိုဘက်ကို တိုးထိုင်ခိုင်းတာလို့ပဲ ထင်သွားတာဖြစ်သည်။
ဒါနဲ့ ရှောင်းကျန့်လည်း ခုံအဆုံးဘက်ကို တိုးသွားပြီး ထိုင်ပေးလိုက်သည်။
" မေးပါဦးမယ်။ ခင်ဗျားက ဘာလို့ အိမ်ပြန်လို့မရတာလဲ "
ရှောင်းကျန့်က သက်ပြင်းချပြီးဖြေသည်။
" အမှန်အတိုင်းပြောရရင် နည်းနည်းတော့စကားရှည်သွားမလားမသိဘူး။ ကျွန်တော်တို့ အိမ်က ဆင်းရဲတယ်။ ကြက်ကြော်နဲ့ ဘီယာဆိုင်လေးထောင်ထားတာ ခုမှ အဆင်ပြေခါစပဲရှိသေးတယ်။
ကျွန်တော်က အလုပ်မရှိအကိုင်မရှိ မိဘအရိပ်ကနေ ခုထိ ရုန်းမထွက်နိုင်သေးတဲ့ကောင်။ ဒါကြောင့် မိဘတွေကိုကူတဲ့အနေနဲ့ ကြက်ကြော်မှာရင် လိုက်ပို့ပေးတယ်။
ကျွန်တော်က တစ်ဦးတည်းသောသား။ အကူရအောင်လို့ ညီနဲ့ညီမ ဝမ်းကွဲနှစ်ယောက်က ကြက်ကြော်ကူပို့ပေးတယ်။ တစ်ရက် အော်ဒါအရမ်းကျနေလို့ မီးပွိုင့် မစောင့်ချင်လို့ လမ်းကြားကနေဖြတ်မောင်းလာတာ ခင်ဗျားကားနဲ့တိုက်မိတာပဲ။
ခင်ဗျားကို အလျော်ပေးချင်ပေမယ့် တစ်ပတ်အတွင်းဆပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျွန်တော့်မှာပိုက်ဆံတပြားမှမရှိဘူး။ ခုချိန်ထိ မိဘလုပ်စာထိုင်စားနေတဲ့ကောင်ဆိုတော့ မုန့်ဖိုးတောင်းရမှာလည်းရှက်တယ်လေ။ ဒီအသက်အရွယ်ကြီးနဲ့။
YOU ARE READING
AI (Edit လုပ်နေဆဲ )