(Unicode )
" ဘယ်လိုလုပ်မလဲ မနက်ဖြန် အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိလို့ မအားလောက်ဘူးထင်တယ်။ အားတော့နာပေမယ့်... "
ရိပေါ်က ရှောင်းကျန့်က်ို အားနာကြောင်းပြောလာသည်။ ရှောင်းကျန့်ရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ခတ်နေလိုက်၏။
" မဟုတ်တာ ရပါတယ်။ တော်ကြာ Wang Il bak ကျွန်တော့်ကြောင့် အလုပ်ပျက်နေဦးမယ် "
ရှောင်းကျန့်က ရိပေါ်ကိုပြန်ပြီးအားနာသွားရသည်။ သူ့စကားကြီးက ဝန်ထုပ်ဝန်ပိုးဖြစ်သွားစေမှာစိုးသည်။
ဒီနှစ် အသက်နှစ်ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ကတော့ တစ်ယောက်တည်းဆိုတာ ကျိန်းသေပြီ။
ထမင်းစားပြီးပြီဖြစ်တဲ့ ရိပေါ်က ထမင်းဝိုင်းကနေထွက်သွားသည်။
ရှောင်းကျန့်ကတော့ လုပ်နေကျအတိုင်းပဲ ရိပေါ်စားပြီးသားပန်းကန်တွေကိုဆေးပြီး ဟင်းခွက်တွေသိမ်းရသည်။
ပြီးရင် ရိပေါ်စားဖို့ အသီးတမျိူးမျိူးလှီးရဦးမည်။
ရိပေါ်က တကယ်တမ်းရှောင်းကျန့်ကို လိမ်လိုက်တာဖြစ်သည်။
မနက်ဖြန် ဘာအစည်းအဝေးမှမရှိပေ။ စိတ်မကောင်းဖြစ်သွားတဲ့ ရှောင်းကျန့်မျက်နှာကို ရိပေါ်အသေအချာတွေ့လိုက်သည်။
ဒါပေမယ့် မနက်ဖြန် ရှောင်းကျန့်မွေးနေ့မှာ သေချာပေါက်ပျော်စေရမယ်လို့ ရိပေါ် စိတ်ထဲကနေ ကြုံးဝါးလိုက်သည်။
ရှောင်းကျန့်အတွက် တစ်ခုခုလုပ်ပေးဖို့ အကြံအစည်ရှိသည်။ အဲ့ဒီ အကြံကလည်း ထမင်းစားနေရင်းမှ ရုတ်တရက်ကြီးပေါ်လာတာပင်။
ဒါနဲ့ ရှောင်းကျန့်ဘယ်နှစ်နှစ်ပြည့်မွေးနေ့မှန်းရိပေါ်မသိပါ။
ဧည့်ခန်းထဲမှာ ရိပေါ်ကထိုင်နေပြီး တီဗွီက သတင်းတွေကိုကြည့်နေသည်။
မိုးလေဝသသတင်းမှာကြေညာတာက ဒီနေ့ မိုးပြင်းပြင်းထန်ထန်ရွာနိုင်ပေမယ့် မနက်ဖြန်ကတော့ ရှစ်ဆယ်ရာခိုင်နှုန်းနေသာမည်တဲ့။
ရိပေါ်ရှေ့က်ို ရှောင်းကျန့်က အသီးပန်းကန်ချပေးလိုက်သည်။
YOU ARE READING
AI (Edit လုပ်နေဆဲ )