AI - 11

4.3K 576 4
                                    

(Unicode)

ရှောင်းကျန့် ရိပေါ်အိမ်ရောက်နေတာ တလတိတိရှိပြီ။ အိမ်ကိုလွမ်းနေပေမယ့် ဖုန်းလေးတစ်ချက်တောင်မဆက်မိ။အမေ့အသံကြားရင်ပိုလွမ်းမှာစိုးလို့ပင်။

အိမ်ကတော့ နေ့တိုင်းဖုန်းဆက်ရှာသည်ရှောင်းကျန့်ဟာ တစ်ခါတလေတော့ ဖုန်းက်ိုင်လိုက်သည်။ အလုပ်အဆင်ပြေကြောင်း အလုပ်က ပိုက်ဆံအတော်ရသလို ပင်လည်းပင်ပန်းကြောင်း လိမ်ပြောပြီး ဖုန်းအမြန်ချလိုက်သည်။ ဖုန်းပြောပြီး ရှောင်းကျန့်မျက်ရည်ကျသည်။ ဖုန်းထဲမှာ သားကိုလွမ်းလှပြီလို့ပြောပြီး သူ့အမေကငိုနေလို့ဖြစ်သည်။

တစ်ပတ်အတွင်းရိပေါ်နဲ့ ရှောင်းကျန့်နဲ့ စာချုပ်တစ်ခုချုပ်သည်။

တကယ်က ရိပေါ်ဘက်က တောင်းဆိုခြင်းလို့တောင်ပြောလို့ရသည်။

ရှောင်းကျန့်က ရိပေါ်ကို ကူညီပေးခဲ့တဲ့အတွက် ရိပေါ်က အကြွေးအားလုံးကြေပေးမယ်ပြောတော့ ရှောင်းကျန့်က အံ့သြသွားခဲ့ရသေးသည်။

အကြွေးကြေပေမယ့် ရိပေါ်က သူ့ဘေးမှာပဲ နေပေးဖို့တောင်းဆိုထားသည်။

အိမ်မှုကိစ္စနဲ့ ရိပေါ်ရဲ့ တောက်တိုမည်ရလုပ်ပေးဖို့ပဲဖြစ်၏

လစာထိုက်ထိုက်တန်တန်ပေးမယ်ပြောသည်။ ပြီးတော့ အနည်းဆုံးသုံးလ ရိပေါ်ဆီမှာအလုပ်လုပ်ပေးဖို့ ရှောင်းကျန့်နဲ့ စာချုပ်ချုပ်ထားရသည်။

ပိုက်ဆံရမယ့် အလုပ်ဆိုတော့လည်း ရှောင်းကျန့်က သဘောတူလိုက်လေသည်။ အနည်းဆုံးတော့ ပထမဆုံးလစာလေးနဲ့ မိဘတွေကို ကန်တော့လို့ရပြီ။

ဒါဆို သူဟာ အလုပ်မရှိအကိုင်မရှိ အသက်ကြီးပြီး အချိန်မစီးတဲ့သူတစ်ယောက်မဟုတ်တော့ဘူးမလား။

ပြီးတော့ မနက်ဖြန် အောက်တိုဘာ ငါးရက်နေ့ဟာ ရှောင်းကျန့်ရဲ့မွေးနေ့ဖြစ်သည်။

မွေးနေ့ကိုတော့ အိမ်ကိုလာပြီးဆင်နွှဲဖို့ ရှောင်းကျန့်အမေက လွန်ခဲ့တဲ့သုံးရက်ကတည်းက ဖုန်းဆက်ထားသေး၏။

ရှောင်းကျန့်က သူ့အလုပ်နေရာနဲ့ အိမ်က အရမ်းဝေးလို့ ကားတစ်တန်ရထားတစ်တန်စီးရမယ့်နေရာမို့လို့ မလာနိုင်ဘူးလို့ လိမ်ပြောလိုက်ရသည်။ စိတ်လည်း အတော်လေးမကောင်းဖြစ်ရသည် ။ ဒီနှစ်မွေးနေ့ကတော့ အထီးကျန်စွာနဲ့ တစ်ယောက်တည်းဖြတ်သန်းရတော့မည်။ ဒါပေမယ့်လည်း မတတ်နိုင်ပေ။

AI (Edit လုပ်နေဆဲ )Where stories live. Discover now