Episode - 7

6K 566 20
                                    

Unicode Version

ရိပေါ်အခုဆိုအလုပ်ဝင်တာတစ်လနီးပါးပြည့်တော့မယ်။လုပ်ငန်းအကြောင်းလည်းတော်တော်နားလည် နေပြီ။တော်ရုံတန်ရုံတချို့ကိစ္စလေးတွေဆိုရိပေါ် တစ် ယောက်တည်းတောင်တာဝန်ယူနေရပြီ။အလုပ်အတူတူတဲွလုပ်နေတဲ့သူအကုန်လုံးနဲ့လည်းအရင်ထက် ဆက်ဆံရေးပိုကောင်းလာတယ်။အားလုံးအဆင်ပြေပါတယ်။အချစ်ရေးကလဲွရင်ပေါ့။

ရှောင်းကျန့်နဲ့ဆက်ဆံရေးကတော့ပုံမှန်ပါပဲ။ရှောင်းကျန့်ကသူ့ခံစားချက်တော့ကိုလုံးဝကိုမသိတာ။ရိပေါ်ကိုလည်းသူ့ရဲ့လက်အောက်ငယ်သားတစ် ယောက်ထက် ကိုလုံးဝမပိုဘူး။

ရိပေါ်ဖွင့်ပြောရမှာတောင်အားလျော့မိတယ်တကယ်။ဘာမှန်းမသိပေမယ့်မကောင်းတဲ့ခံစားချက်တွေရနေလို့။

ဒီနေ့ရိပေါ်ရှောင်းကျန့်နဲဲ့အတူအပြင်သွားရပြန်ပြီ။ဟိုအရင်ကဆိုပျော်မိမှာဆိုပေမယ့်အခုတော့သူ့မှာဆုပ် လည်းစူးစားလည်းရူးဆိုသလိုဖြစ်နေပြီ။မတွေ့ရရင်မနေနိုင်ပေမယ့်အနားမှာရှိနေပြန်ရင်လည်းအချိန်တိုင်းသတိလက်လွတ်ငေးမကြည့်မိသွားအောင်မနည်းထိန်းနေရတာမို့။

အခုရှောင်းကျန့်ကားမောင်းနေရင်းနဲ့ရိပေါ်ကိုလက်ရှိသွားရမယ့်နေရာနဲ့လုပ်ရမယ့်အလုပ်ကိစ္စအကြောင်းကိုရှင်းပြနေတုန်းသူ့ဖုန်းကအသံမြည်လာတယ်။

ရှောင်းကျန့်တစ်ချက်လှမ်းကြည့်လိုက်တော့ဖုန်း screen မှာပေါ်နေတဲ့နာမည်က"ရွှယ်မေလီ"တဲ့။
ဒါမှတ်မှတ်ရရ သူblock ဖြည်ပေးလိုက်ပြီးတဲ့နောက်ပိုင်းပထမဆုံးစခေါ်တဲ့ဖုန်းပဲ။

ရှောင်းကျန့်ကားမောင်းနေတာကတစ်ကြောင်း၊ရိပေါ်နဲ့လည်းအလုပ်ကိစ္စစကားမပြတ်သေးတာမို့ပြီးမှပဲပြန်ခေါ်လိုက်တော့မယ်လို့တွေးပြီးဒီအတိုင်းထားကာပြောလက်စအကြောင်းအရာကိုဆက်ပြောနေလိုက်တယ်။

မကြာဘူးဖုန်းကနောက်တစ်ခါထပ်ဝင်လာတယ်။ဒီတစ်ခါတော့ရှောင်းကျန့်လျစ်လျှူရှုပြီးမနေနိုင်တော့ဘူး။ဘာများဖြစ်လို့လဲဆိုတဲ့အတွေးနဲ့ရိပေါ်ကိုခဏနော်လို့ပြောပြီးဖုန်းကိုင်လိုက်တော့တစ်ဖက်က

You Are My Soulmate (Completed)Where stories live. Discover now