Unicode Version
(Warning ခပ်ပါးပါးလေးပါပါတယ်နော်🙆🏻♀️)
ဒီနေ့ရှောင်းကျန့်ကျိရန်နဲ့အတူ supplier တစ်ယောက် နဲ့စာချုပ်ကိစ္စချိန်းထားတာရှိလို့ရှောင်းကျန့်ရဲ့ကားနဲ့ပဲချိန်းထားတဲ့နေရာကိုနှစ်ယောက်အတူသွားနေရင်းကနေကိုယ်ရေးကိုယ်တာအကြောင်းတွေပြောနေမိတယ်။
"ကျန့်ကော ရိပေါ်တောင်ခရီးသွားတာ ဘာလိုလိုနဲ့တစ်လပြည့် တော့မယ်နော်။ဘယ်နေ့လောက်ပြန် ရောက် မယ်တဲ့လဲ"
"လာမယ့်စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့လောက်တော့ပြန်ရောက်မယ်လို့ပြောတာပဲကွာ။ထွက်လာမယ့်နေ့ကိုဖုန်းကြိုဆက်မယ်တဲ့။ဒီနေ့ကကြာသာပတေးဆိုတော့သိပ်တော့မလိုတော့ပါဘူး"
"ဟုတ်လား။ဒါဖြင့်နောက်၂ရက်၃ရက်နေရင်ပြန် ရောက်ပြီပေါ့။ကျန့်ကောလည်းရိပေါ်ပြန်လာတော့မယ် ဆိုတော့ပျော်နေမှာပဲနော်။ရိပေါ်ကလည်းကျန့်ကောကိုအရမ်းချစ်တာဆိုတော့ "
"ရိပေါ်အကြောင်းကတော့ပြောမနေနဲ့။သူအိမ်မှာမရှိတဲ့တစ်လအတောအတွင်းကို အိမ်ကိုလွှတ်လိုက်တဲ့လူတွေဆိုတာလည်းမပြောပါနဲ့တော့။မင်းနဲ့ဟောက်ရွှမ်းလည်းမနေရဘူး။သူ့အကိုဝမ်ဟိုက်ခွမ်းကိုလည်းငါတစ် ယောက် တည်းအဆင်ပြေမပြေခဏခဏလာကြည့်ခိုင်းတယ်။သူတဂျီဂျီဖုန်းဆက်လွန်းလို့ဟိုကအလုပ်တွေဖျက်ပြီးလာရရှာတယ်ကွာ။ငါ့မှာမျက်နှာတွေပူလိုက် တာ။ငါ့ကိုသူ့ထက်ငယ်တဲ့ကလေးများမှတ်နေလားမသိဘူး အဲ့ကောင်လေးက"
"အဲ့ဒါကတော့ကျန့်ကောရယ် သူကကျန့်ကောကိုတစ်ယောက်တည်းအထီးကျန်နေမှာစိုးလို့နေမှာပါ။ရိပေါ်ကနော် ပုံစံကြည့်တော့သာအေးတိအေးစက်နဲ့။ကျန့်ကောကိုကျအရမ်းချစ်၊အရမ်းဂရုစိုက်တတ်တာပဲ။
ကျန့်ကောကတကယ် ချစ်သူရကံကောင်းတယ်။ကျွန်တော်တောင်အားကျမိတယ်"ကျိရန်စကားကိုကြားတော့ရှောင်းကျန့်ကျေနပ်စွာနဲ့ရှက်ပြုံးလေးပြုံးလိုက်ပြီးပီတိတွေဖြာနေမိတယ်။အခုဆိုရိပေါ်သူ့ကိုသဲသဲလှုပ်မှန်းရိပေါ်လုပ်တာနဲ့သူတို့ပတ်ဝန်းကျင်ကလူတွေအကုန်သိကုန်ပြီ။ရိပေါ်အကိုတောင်အိမ်လာရင်းနဲ့ပြောသွားသေးတယ်။ရိပေါ်ကသူ့မားကိုပါဖုန်းဆက်ပြီးရှောင်းကျန့်စားဖို့ဟင်းချက်ပို့ခိုင်းတယ်ဆိုလို့ရှောင်းကျန့်မှာဝမ်ဟိုက်ခွမ်းကိုသူအဆင် ပြေတာမို့ ရိပေါ်အမေကိုမချက်ပေးဖို့မနည်းတောင်းပန်ပြီးပြောလိုက်သေးရတယ်။ရိပေါ်တို့များတကယ်မနိုင်ဘူး။
STAI LEGGENDO
You Are My Soulmate (Completed)
FanfictionWang Yibo ကျွန်တော်ခင်ဗျားကိုချစ်သင့် မချစ်သင့်တွေးနေတုန်းမှာပဲခင်ဗျားကကျွန်တော့ဘဝကြီးဖြစ်နေပြီ။ခင်ဗျားကကျွန်တော့အတွက်နှစ်ယောက်မရှိတဲ့Soulmate ပဲ။ Xiao Zhan တစ်သက်လုံးအရာရာကိုစဉ်းစားတွေးခေါ်ပြီးဖြစ်သင့်မဖြစ်သင့်ဆုံးဖြတ်နိုင်ခဲ့သမျှမှာအချစ်မပါဘူးဆို...