Episode - 26

5.5K 456 27
                                    

Unicode Version

ဝမ်ရိပေါ်ဒီနေ့ညစာစားပဲွရှိလို့ ဝန်ထမ်းတွေနဲ့အတူ Dinner စားပေးပြီးတာနဲ့ကျန်တဲ့လူတွေကို ဘေလ်ရှင်းဖို့ သူ့ကတ်ကိုပေးထားခဲ့ပြီးသူတို့အဖဲွ့နေတဲ့တိုက်ခန်းကိုခပ်မြန်မြန်လေးပြန်လာလိုက်တယ်။

ပြန်ရောက်တာနဲ့အကျီ င်္တောင်မလဲနိုင်သေးဘဲရှောင်းကျန့်ဆီVedio call ခေါ်လိုက်တော့ ညဝတ်အကျီ င်္ လေးကပိုကယိုနဲ့ရှောင်းကျန့်ကဖုန်းလာကိုင်တယ်။

"ရိပေါ် ပြောတော့ Dinner ရှိတယ်ဆို"

"ဟုတ်တယ်လေ။အချစ်နဲ့ဖုန်းပြောချင်လို့စားပြီးတာနဲ့မြန်မြန်ပြန်လာလိုက်တာ"

"ဪ တစ်ရက်တစ်လေ မပြောရတော့လည်းဘာဖြစ် လဲကွာ။မင်းကပိုင်ရှင်ဆိုတော့ ဒီလိုနေ့မျိုးမှာသူတို့နဲ့ပိုပြီးရင်းရင်းနှီးနှီးနေပေးသင့်တယ်လေ"

"နေသင့်သလောက်နေပေးပြီးပါပြီဗျာ။အခုကသူတို့စားပြီးလို့အရက်ဆက်သောက်ကြမှာမို့ လွတ်လွတ် လပ်လပ်လည်းဖြစ်အောင်မောင်ကပြန်လာလိုက်တာပါ"

"မင်းရော အရက်တွေဘာတွေသောက်လာသေးလား"

"မသောက်လာပါဘူးဗျာ။မောင်ကတော်ရုံနဲ့လည်းမမူးတတ်ပါဘူး။အချစ်ကဘာတွေကိုစိတ်ပူနေတာလဲ"

"မူးမှာထက် အရက်ဝင်သွားရင်မင်းမဖြစ်သင့်တာတွေဖြစ်ကုန်မှာကို ငါကစိုးရိမ်တာ"

"ဟမ်! မဖြစ်သင့်တာဆိုတာ အချစ်ကဘာကိုဆိုလိုချင် တာလဲ?မောင်သေချာနားမလည်ဘူး။"

"မင်းဟိုတစ်ခါမူးလာတုန်းကမင်းကိုယ်မင်းမထိန်းနိုင် ဘဲငါ့ကိုအတင်းချုပ်နမ်းပြီးဟိုကိုင်ဒီကိုင်လုပ်သလိုမျိုးလေ။အဲ့လိုမျိုးတွေတခြားသူကိုလုပ်မိမှာစိုးလို့ကွ ရှင်းလား"

"အချစ်ရယ် ဘာများလဲလို့။မောင်ကအဲ့လိုတွေလုပ်ချင် စိတ်ရှိတာအချစ်တစ်ယောက်တည်းကိုပါ။မောင် ဘယ် လောက်ပဲမူးမူးတခြားဘယ် သူ့ကိုမှအဲ့လိုလုပ်ဖို့နေနေသာသာ စိတ်ထဲတောင်မရှိဘူးနော်။အဲ့ဒါကြောင့် မောင့်ကိုအဲ့လိုကိစ္စတွေအတွက်နဲ့အချစ်စိတ်ပူစရာမလိုဘူး။အခုလည်းမောင်ကိုယ့်အကြောင်းကိုယ်သိလို့သောက် တောင်မသောက်လာဘူး"

You Are My Soulmate (Completed)Tahanan ng mga kuwento. Tumuklas ngayon