Episode - 28

6K 474 39
                                    

Unicode Version

ရှောင်းကျန့်ခန္ဓာကိုယ်မှနာကျင်မှုကြောင့်ဆက်မအိပ် နိုင်တော့ဘဲအိပ်ယာကနိုးလာတော့ဘေးမှာသူ့ကိုရင် ခွင်ထဲထည့်ထားပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ရိပေါ်ကိုတွေ့လိုက်ရတယ်။

နာရီကိုလှမ်းကြည့်လိုက်တော့အချိန်ကမနက်၇နာရီခဲွ။
အခန်းပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ညကသူချွတ်ထားတဲ့အဝတ်စားတွေကဟိုတစ်စ၊ဒီတစ်စနဲ့ အခန်းရဲ့နေရာအနှံ့မှာပြန့်ကျဲလို့။သူ့စာ ကြည့်စားပဲွပေါ်ကစာအုပ်တွေကလည်းစားပဲွအောက် မှာဟိုနားတစ်အုပ်ဒီနားတစ်အုပ်နဲ့ပြုတ်ကျနေတယ်။အဝတ်ဗီဒိုရဲ့တစ်ဖက်အခြမ်းကမှန်မှာလည်း ဖြူပစ် ပစ်အရည်တွေကပေကျံလို့။

ရိပေါ်ကသူမငြင်းပါဘူးဆိုတဲ့စကားနဲ့သူ့ကိုအပီချုပ် ကာတစ်ခန်းလုံးနေရာအနှံ့မှာပုံစံအစုံနဲ့အချစ်စမ်းထားတာကြောင့်တစ်ခန်းလုံးကရစရာမရှိအောင်ရှုပ်ပွပေ ကျံနေတယ်။အဆိုးဆုံးကအခုသူတို့အိပ်နေတဲ့အိပ် ယာခင်းနဲ့ခြုံထားတဲ့စောင်ပေါ်ကချဉ်စုပ်စုပ်ညှီစို့စို့အနံ့တွေကြောင့်ရှောင်းကျန့်ခေါင်းမူးလာကာအန်ချင် စိတ်ပါပေါက်လာရတယ်။

ညတုန်းကရှောင်းကျန့်လည်းအသိစိတ်လွတ်သွားပြီးမရတာကြာတဲ့ရိပေါ်ရဲ့အကြင်နာတွေကိုခန္ဓာကိုယ်ကနာကျင်နေရက်နဲ့တောင်ရိပေါ်ထပ်ပေးသမျှကိုမငြင်းနိုင်ဘဲလက်ခံနေမိတော့တာအခုမှပဲသူရိပေါ်ကိုအပြစ် တင်ရကောင်းမှန်းသတိရမိတယ်။

ရှောင်းကျန့်စိတ်တိုတိုနဲ့ဖက်ထားတဲ့ရိပေါ်ရဲ့လက်တွေကနေရုန်းဖယ်လိုက်ပြီးထထိုင်ကာအပူအပင်မရှိအိပ် ပျော်နေတဲ့ရိပေါ်ရဲ့ရင်ဘတ်ကိုအားပါပါနဲ့သုံးချက် လောက်ဆင့်ပြီးရိုက်ပေးလိုက်တော့ရိပေါ်တစ်ယောက် အိပ်မံှုစုံမွှားနဲ့ငုတ်တုတ်ထထိုင်ကာအသံအကျယ်ကြီးဖြင့်

"အား း း အချစ်ရယ် နာလိုက်တာ။အစောကြီးဘာထလုပ်တာလဲ။ပြန်အိပ်ဦးလာ"

"ပြန်အိပ်ဖို့မစဉ်းစားနဲ့။မင်းလည်းထတော့"

"အချစ်ကလည်း အခုမှမနက်အစောကြီးပဲရှိသေးတယ် လေ။ ပြီးတော့မောင်ညကလည်း ပင်ပန်းထားသေးတဲ့ဟာကို"

You Are My Soulmate (Completed)Where stories live. Discover now