Episode - 40

5.3K 397 30
                                    

Unicode Version

ဆေးရုံရောက်တာနဲ့ကျန်းမာရေးဝန်ထမ်းတွေက ရှောင်းကျန့်ကိုတွန်းလှည်းထဲထည့်တွန်းကာခဲွစိတ် မယ့်အခန်းထဲကိုခေါ်သွားတာမို့ရိပေါ်ဆက်လိုက်လို့မရတော့တာကြောင့်အခန်းရှေ့မှာချထားတဲ့ခုံတန်းမှာတောင်မထိုင်နိုင်တော့ပဲအစိုးရိမ်လွန်ကာအခန်းဝကကြမ်းပြင်ပေါ်မှာဆောင့်ကြောင့်လေးထိုင်နေမိတယ်။

ခဏကြာတော့ခဲွခန်းထဲကနေယွီပင်းထွက်လာတာကိုမြင်တော့ရိပေါ်ယွီပင်းဆီကိုအပြေးသွားလိုက်ပြီးအား ကိုးတကြီးနဲ့ယွီပင်းလက်ကိုဆုပ်ကိုင်ကာ

"ဒေါက်တာ ရှောင်းကျန့်...သူ...သူစိတ်ပူရတဲ့အခြေ အနေမဟုတ်ဘူးမလား။အခုသတိပြန်ရနေပြီမလား။ပြောပါဦး ကျွန်တော်မေးတာဖြေပါဦး"

ယွီပင်းကသူ့ကိုလာကိုင်တဲ့တုန်ရီနေတဲ့ရိပေါ်ရဲ့လက် တွေကိုဖြည်းညှင်းစွာဆဲွဖယ်လိုက်ပြီး

"ဝမ်ရိပေါ် အခုအချိန်မှာမင်းစိတ်ကိုတတ်နိုင်သ လောက်ငြိမ်ငြိမ်ထားပေးပါ။ရှောင်းကျန့်အခုအထိသတိမရသေးဘူး။ငါတို့အထဲမှာအတတ်နိုင်ဆုံးကြိုးစားပေးနေတာမို့ ....."

ယွီပင်းစကားတောင်မဆုံးသေးဘူးရိပေါ်ကထပ်ပြီး

"ဒါဆိုတစ်ခုပဲဖြေပေး ရှောင်းကျန့်ဘာမှတော့မဖြစ်နိုင် ဘူးဟုတ်တယ်မှတ်လား။သူ့အသက်တော့အန္တရာယ် ကင်းမယ်မှတ်လားဟင်"

ရိပေါ်စကားကြောင့်ယွီပင်းခေါင်းငိုက်စိုက်ကျသွားပြီး

"အဲ့ဒါလည်းအခုအချိန်မှာတစ်ထစ်ချပြောလို့မရသေး ပါဘူး။စိတ်အေးအေးထားပြီးစောင့်နေပေးဖို့ပဲပြောပါရစေ"

ယွီပင်းရဲ့စကားကိုကြားတော့ရိပေါ်ယွီပင်းရဲ့လည်ပင်းကအကျီ င်္ စကိုအားပြင်းပြင်းနဲ့ဆောင့်ဆဲွလိုက်ပြီးဒေါသမီးတောက်နေတဲ့အကြည့်တွေနဲ့

"တစ်ထစ်ချပြောလို့မရဘူးဟုတ်လား!အခုမှလာပြီးဘာလို့အဓိပ္ပါယ်မရှိတဲ့ခွေးစကားတွေလာပြောနေရတာလဲ!အရင်နေ့တွေကအထိနေ့တိုင်းနီးပါးမေးနေတုန်းကတော့ဘာမှမဖြစ်နိုင်ပါဘူးဆို။အခုမှဘာလို့အဖြေကပြောင်းသွားရတာလဲ!ဘာလို့လဲ!ပြောလေ ပြော!"

You Are My Soulmate (Completed)Where stories live. Discover now