Episode - 33⚠️

8.2K 420 22
                                    

Unicode Version
(A Little Warning ⚠️)

ရိပေါ်သူBooking လုပ်ထားတဲ့Hotel ရဲ့အရှေ့ရောက် ပြီမို့ဘေးမှာရှိတဲ့ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တော့အိပ်ပျော်နေတာကြောင့်မနှိုးတော့ဘဲကားတံခါးကိုအသာလေးဖွင့် ဆင်းကာဝန်ထမ်းကောင်လေးတွေကိုအသံတိတ်ပေးဖို့အမူအယာပြလိုက်ရင်းရှောင်းကျန့်ရှိတဲ့ဘက်အခြမ်းကကားတံခါးကိုအသာလေးဆဲွဖွင့် လိုက်ပြီးပတ်ထားတဲ့ကားရဲ့ခါးပတ်ကိုငြင်သာစွာဖြုတ် လိုက်ကာရှောင်းကျန့်ကိုအခန်းထဲအထိပွေ့ချီပြီးခေါ် လာလိုက်တယ်။

အိပ်ခန်းထဲရောက်မှရှောင်းကျန့်ရဲ့ကိုယ်လုံးလေးကိုကုတင်ပေါ်အကျအနတင်ပေးလိုက်တယ်။ပြီးမှရှောင်းကျန့်ခြေထောက်မှာစီးထားတဲ့ဖိနပ်ကိုအသာလေးချွတ် ပေးလိုက်တော့ရှောင်းကျန့်တစ်ယောက်အိပ်ချင် မူးတူးနဲ့မျက်လုံးလေးဖွင့်ကြည့်လာတာမို့ရိပေါ်ဖိနပ်ချွတ် ပေးနေရင်းကနေ

"အချစ် အိပ်ရေးမဝသေးရင်ဆက်အိပ်လေ။အခုမောင် တို့ဒီညနေမယ့်အိပ်ခန်းကိုရောက်နေပြီ"

"အာ .... ကောအဲ့လောက်အထိအိပ်ပျော်သွားတာလား။ဒါပေမယ့် အခုလည်းထပ်အိပ်ချင်သေးတယ်။မနေ့ညကလည်းစိတ်လှုပ်ရှားနေလို့ကောင်းကောင်းမအိပ်ခဲ့ရဘူး"

"ဒါဖြင့် ဆက်အိပ်ဦးလေ။နိုးလာမှမောင်တို့တစ်ခါ တည်းညစာထွက်စားကြတာပေါ့ မကောင်းဘူးလား"

ရိပေါ်အပြောကြောင့်ရှောင်းကျန့်မျက်လုံးလေးစင်းကာခေါင်းငြိမ့်ပြလိုက်ရင်း

"အွန်းကောင်းတယ်။မင်းရော ကောနဲ့အတူဘေးမှာလာအိပ်လေ"

"အိပ်မှာပေါ့ဗျာ။ဒါမျိုးကငြင်းစရာလား။အရင်နေ့တွေတုန်းကအချစ်ဘေးမှာမရှိလို့မောင်လည်းနှစ်နှစ်ခြိုက် ခြိုက်အိပ်မပျော်ခဲ့ဘူး"

"ဒါဖြင့်လာလေ ဒီကို"

ပြောလည်းပြောရှောင်းကျန့်လှဲနေရင်းကနေရိပေါ်ကိုလှမ်းကြည့်ပြီးလက်နှစ်ဖက်ကိုဆန့်ကာသူ့ရင်ခွင်ထဲကိုလာဖို့အမူအယာပြလိုက်တော့ရိပေါ်ကချက်ချင်းပဲရှောင်းကျန့်လက်တွေကြားကိုဒိုင်ဗင်ထိုးပြီးဝင်လာတာမို့ရိပေါ်ရဲ့အပြုအမူကိုရှောင်းကျန့်သဘောကျစွာရယ်လိုက်ရင်းသူ့လက်မောင်းပေါ်မှာခေါင်းအုံးထားတဲ့ရိပေါ်နဲ့နဖူးလေးကိုတစ်ချက်ငုံ့နမ်းလိုက်ကာ

You Are My Soulmate (Completed)Tempat cerita menjadi hidup. Temukan sekarang