Extra - 1 (HaoJi's Couple Honeymoon)

4.1K 215 10
                                    

Unicode Version

(ဤအပိုင်းသည်ကျိရန်နဲ့ဟောက်ရွှမ်းကလေးမယူခင် Honeymoon သဘောနဲ့ထွက်ခဲ့တဲ့ခရီးအကြောင်းလေးပါ။အရှေ့မှာထည့်သွင်းဖော်ပြချင်ပါသော်လည်းသူတို့နှစ်ယောက်အကြောင်းကိုအကျယ်တဝင့်မသိချင် သောအချို့စာဖတ်သူများကိုအားနာတာကြောင့်အခုလိုSpecial Episode အဖြစ်ဖန်တီးလိုက်ရတာကိုနား လည်ပေးပါနော်။ကျိဟောက်က side couple ဖြစ်ပေမယ့်သာသာကိုယ်တိုင်သူတို့နှစ်ယောက်ကိုအပြည့်အဝတန်ဖိုးထားပြီးပုံဖော်ခဲ့တာပါ။တော်ရိ လျော်ရိမလုပ်ခဲ့ဘူးဆိုတာအစအဆုံးအသေးစိတ်ဖတ်တဲ့ဒါဒါလေးတွေလည်းသိမှာပါနော်။❤️)

ဟောက်ရွှမ်းနဲ့ကျိရန်တို့နှစ်ယောက်ဟောက်ရွှမ်းတို့ရဲ့အိမ်တော်ကနေပြန်လာပြီးကျိရန်ရဲ့တိုက်ခန်းကိုရောက်တာနဲ့ဟောက်ရွှမ်းကကျိရန်ကိုဘာစကားမှမပြောတော့ဘဲရေချိုးခန်းထဲကိုဝင်သွားတာကြောင့်သူ့ကိုစိတ်ဆိုးနေမှန်းသိတဲ့ကျိရန်တစ်ယောက်ကိုယ် ပေါ်ကအဝတ်အစားတွေအကုန်ချွတ်ပြီးဟောက်ရွှမ်းရှိတဲ့ရေချိုးခန်းထဲကိုလိုက်ဝင်သွားလိုက်တယ်။

ရေပန်းအောက်မှာသူ့ကိုကျောပေးပြီးမျက်လုံးစုံမှိတ် ကာငြိမ်သက်နေတဲ့ဟောက်ရွှမ်းရဲ့ခါးကိုအနောက်ကနေသိုင်းဖက်လိုက်တော့ဟောက်ရွှမ်းခန္ဓာကိုယ်လေးတစ်ချက်တွန့်သွားပြီးမှကျိရန်ရဲ့လက်တွေကိုဆဲွဖြုတ် ကာအလိုမကျတဲ့လေသံနဲ့

"စုန့်ကျိရန်!ကျွန်တော်ရေချိုးနေတာကိုဘာလို့ဝင်လာတာလဲ?ချိုးချင်ရင်လည်းခဏစောင့်လေ!အခုချက်ချင်းပဲအရမ်းတွေချိုးချင်နေရင်လည်းခင်ဗျားတစ်ယောက် တည်းပဲနေခဲ့လိုက်တော့!ကျွန်တော်သွားပြီ!"

ဟောက်ရွှမ်းကသူ့ကိုကျောခိုင်းထားလျက်နဲ့တန်းပေါ်မှာလွှားထားတဲ့သဘက်တစ်ထည်ကိုကောက်ဆဲွမယ်လုပ်တော့ကျိရန်ဟောက်ရွှမ်းရဲ့လက်ကိုလှမ်းဆဲွပြီးကိုယ်လုံးကိုပါသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ဆဲွလှည့်ကာသူ့ကိုယ်သူခြေဖျားထောက်ပြီးဟောက်ရွှမ်းရဲ့လည်ပင်းကိုလက်နှစ်ဖက်နဲ့သိုင်းဖက်လိုက်ရင်း

"ကိုယ့်ရဲ့ဘေဘီလေးကကိုယ့်ကိုတကယ်ကြီးစိတ် ကောက်နေတာပါ့လား!မျက်နှာကြီးကလည်းသုန်မှုန် ပြီးရဲတွတ်နေတာပဲ!ပြန်လာတဲ့လမ်းတစ်လျောက်လုံးကားပေါ်မှာလည်းကိုယ့်ကိုတစ်ချက်တောင်မကြည့် ဘူး!အခုလည်းကိုကိုလို့ခေါ် ခိုင်းထားတာကိုအမျိုးစုံတွေခေါ်နေတယ်နော်။"

You Are My Soulmate (Completed)Where stories live. Discover now