Episode - 32

5.6K 447 12
                                    

Unicode Version

ရှောင်းကျန့်နဲ့ရိပေါ်တို့နှစ်ယောက်ရှောင်းကျန့်အမေဆီကပြန်လာပြီးကတည်းကနေတောက်လျှောက်ကိုနှစ် ယောက်စလုံးမင်္ဂလာပဲွအတွက်ကျင်းပဖို့အတွက်နဲ့အလုပ်များကြတော့တာပါပဲ။မင်္ဂလာပဲွအတွက်လိုအပ် တာတဲ့ကိစ္စမှန်သမှျကိုအသေးအဖဲွလေးတွေကစလို့နှစ် ယောက်သားခဲွပြီးစီစဉ်နေရတာမို့အခုနောက်ပိုင်းညအိပ်တဲ့အချိန် လေး ပဲနှစ်ယောက်သားမျက်နှာ ချင်းဆိုင်တွေ့ရတော့တယ်။

မင်္ဂလာဆောင်ပြီးရင်လည်းခရီးသွားကြဦးမှာမို့နှစ် ယောက်စလုံးရဲ့အလုပ်တွေကလည်းလုံးဝမသွားဘဲနေလို့မရတာကြောင့်လက်စသတ်စရာတွေ၊လွှဲစရာရှိတာတွေကိုကိုယ်စီသွားပြီးအပြီးဖြတ်ပေးနေရတယ်။

ဒီနေ့ရှောင်းကျန့်ရုံးဆင်းခါနီးအချိန်မှာပဲရိပေါ်ဆီက message တစ်စောင်ဝင်လာတယ်။"အချစ် မောင်အခုပို့ပေးထားတဲ့လိပ်စာအတိုင်းကိုဒီည၇နာရီနောက်ဆုံးထားပြီးအရောက် လာခဲ့ပေးပါ။အဲ့ဒီကိုရောက်တာနဲ့ဧည့်ကြိုကိုမောင့်နာမည် ပြောလိုက်။မောင်ရှိတဲ့နေရာကိုသူတို့လိုက်ပို့ပေးလိမ့် မယ်။အရမ်းအရေးကြီးလို့ လာဖြစ်အောင်လာပေးနော် အချစ်😉"

ဆိုပြီးမျက်လုံးတစ်ဖက်မှိတ်ပြတဲ့ emoji လေးနဲ့ပါတဲွပြီးပို့လာတာမို့ရှောင်းကျန့်စာကိုဖတ်ကြည့်ပြီးတာနဲ့'ကျစ် ရိပေါ်ဒီကောင်စုတ်လေးကတော့ မင်္ဂလာ ဆောင်ဖို့၃ရက်လောက်ပဲလိုတော့လို့လုပ်စရာတွေများနေတာကတစ်မျိုး။ဒီကြားထဲမနက်ဖြန်နယ်ကမားနဲ့ညီမလေးလည်းရောက်လာမှာမို့အိမ်မှာလိုအပ်တဲ့အ စား အသောက်တွေကိုဒီညထဲကတစ်ခါတည်းဝယ်ရပါမယ်ဆိုမှ ဘာအရူးထပြန်လဲမသိဘူး '

လို့တွေးလိုက်ပြီးအကျိုးအကြောင်းလှမ်းမေးဖို့ရိပေါ်ကိုဖုန်းခေါ်လိုက် တော့ထူးထူးဆန်းဆန်းရိပေါ်ဖုန်းကစက် ပိတ်ထားတယ်တဲ့။အခုလေးတင်ပဲစာပို့ပြီးချက် ချင်းဘာလို့စက်ပိတ်သွားတာပါလိမ့်။အဲ့ဒီတော့လည်းဘယ်တတ်နိုင်ပါ့မလဲ။ချိန်းထားတဲ့အချိန်အရောက်ကိုဒီလိပ်စာအတိုင်းသွားရတော့မှာပေါ့။ဘာမဟုတ်တဲ့ကိစ္စနဲ့ခေါ်လို့ကတော့ ခေါင်းကဆံပင်မွှေးတွေကိုအကုန်ပြောင်အောင်ဆဲွနှုတ်ပစ်ဦးမယ်ကြည့်နေရှောင်းကျန့် တဲ့တစ်ကျန့် တည်းရှိတယ်။ဒေါသထွက် အောင်လုပ် လို့ကတော့ဘယ်သူ့ကိုမှသည်းခံနေမှာမဟုတ်ဘူး ဟွင်းဟွင်း။

You Are My Soulmate (Completed)Tahanan ng mga kuwento. Tumuklas ngayon