Unicode Version
ရွှယ်မေလီဒီနေ့ညနေဝမ်ကျိုးချန်တို့အိမ်ကိုရောက်တာနဲ့ကိုယ့်အကြံနဲ့ကိုယ်မို့အရင်ဆုံးအိေနြ္ဒမပျက် ဦးလေး၊အဒေါ်တွေနဲ့ညစာကိုအရင်ဝင်စားလိုက်တယ်။စားသာစားနေရတယ်စိတ်ကတော့ခဏနေရင်လုပ်ရမယ့်ကိစ္စတွေကိုတွေးပြီးအစားကိုတော့တို့ကနန်း ဆိတ်ကနန်းပဲစားဖြစ်တယ်။
အဲ့ဒါကိုသတိထားမိတဲ့ဝမ်ကျိုးချန်ရဲ့အမေက
"မေလီ သမီးထည့်စားလေကွယ်။သမီးကြိုက်တတ် တာလေးတွေပဲအားရီရွေးချက်ထားတာ။ဘာလဲစားမကောင်းလို့လားဟင်"
"ရှင်...ဪ ဟုတ်ကဲ့အားရီ။နေ့လည်စာကိုနောက်ကျမှစားထားလို့သိပ်မဆာဘူးဖြစ်နေလို့ပါ။ဟင်းတွေကအကုန်စားကောင်းပါတယ်"
"အေးပါကွယ်။အိမ်ထမင်းအိမ်ဟင်းအမြဲမစားရလို့အားရီကသမီးကိုများများစားစေချင်လို့ပါ"
"ဟုတ်ကဲ့ပါအားရီ။သမီးအများကြီးစားမယ်နော်"
ကျေနပ်အောင်သာပြောရတာ ကိုယ့်အတွေးနဲ့ကိုယ်ကထမင်းစားဖို့အတွက်ကိုအခုအချိန်မှာတကယ်ကိုအာရုံရှိမနေဘူး။ညစာကိုတတ်နိုင်သလောက်မြန်မြန်စားပြီးလုပ်စရာရှိတာကိုစပြီးအကောင်အထည်ဖော်ရမယ်။
ထမင်းစားလို့လည်းပြီးရောစားပြီးသားပန်းကန်တွေသိမ်းနေတဲ့အဒေါ်ကိုရွှယ်မေလီလှမ်းပြီးတော့
"ပန်းကန်တွေသမီးဆေးလိုက်မယ်လေ အားရီ"
"မဟုတ်တာ အားရီအမြဲလုပ်နေကြပါကွယ်။ကိုယ့်ဘာသာနားနားနေနေသွားနေချည် သွား"
"ဟိုလေ အားရီ ကျိုးချန်ကောအခန်းထဲမှာသမီးဖတ် ချင်တဲ့စာအုပ်များရှိမလားလို့ အဲ့ဒါသမီးသွားရှာကြည့် မယ်နော်"
"သွားလေ ဒါတွေပြီးရင်အားရီအသီးခဲွပြီးလာပို့ပေးမယ်နော်"
"ဟုတ်ကဲ့ အားရီ"
ခွင့်ပြုချက်ရတာနဲ့ရွှယ်မေလီတစ်ယောက်ဝမ်ကျိုးချန် ရဲ့အခန်းထဲကိုအမြန်ဝင်ပြီးဝမ်ကျိုးချန်ဆီမှာရှိတဲ့ရှောင်းကျန့်တိုက်ခန်းသော့ကိုလိုက်ရှာတယ်။
အံဆဲွတွေ၊အဝတ်ဗီဒိုထဲ၊စာအုပ်စင်ပေါ်တွေရော နေရာအနှံ့လိုက်ရှာပေမယ့်ဘယ်လိုမှရှာလို့မတွေ့တာမို့ကျိုးချန်ကောယူသွားတာပဲဖြစ်မယ်ဆိုပြီးအားရီရှေ့ယုတိ္တရှိအောင်တွေ့တဲ့စာအုပ်၁အုပ်ကိုကောက်ဆဲွလာပြီးဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်နေလိုက်တယ်။
ESTÁS LEYENDO
You Are My Soulmate (Completed)
FanficWang Yibo ကျွန်တော်ခင်ဗျားကိုချစ်သင့် မချစ်သင့်တွေးနေတုန်းမှာပဲခင်ဗျားကကျွန်တော့ဘဝကြီးဖြစ်နေပြီ။ခင်ဗျားကကျွန်တော့အတွက်နှစ်ယောက်မရှိတဲ့Soulmate ပဲ။ Xiao Zhan တစ်သက်လုံးအရာရာကိုစဉ်းစားတွေးခေါ်ပြီးဖြစ်သင့်မဖြစ်သင့်ဆုံးဖြတ်နိုင်ခဲ့သမျှမှာအချစ်မပါဘူးဆို...