Episode - 35

5K 397 12
                                    

Unicode Version

ရိပေါ်နဲ့ရှောင်းကျန့် Honeymoon မှာသာယာခဲ့သမျှခရီးကပြန်ရောက်တာနဲ့အိမ်သန့်ရှင်းရေးတွေလုပ်ရ၊ခရီးသွားတုန်းကအဝတ်အစားတွေလျှော်ရနဲ့အိမ်အ လုပ်တွေကိုလက်မလည်အောင်လုပ်ရတော့တာပါပဲ။

ရုံးဖွင့်ရက်ရောက်ပြန်တော့လည်းနှစ်ယောက်စလုံးခွင့် ယူထားတဲ့ရက်တွေကများတာကြောင့်အချိန်ပိုဆင်းပြီးတော့ကိုပြန်ဖြည့်လုပ်ရပြန်တယ်။ဒီကြားထဲရိပေါ်ရဲ့မိဘတွေကတွေ့ချင်တယ်ဆိုလို့နှစ်ယောက်သားရုံးကအပြန်ကိုအချိန်လုပြီးဝင်တွေ့ရသေးတယ်။

လူကြီးတွေကညစာအတင်းကျွေးနေတာကြောင့်တစ် ခါတည်းဝင်စားခဲ့လိုက်ပြီးအိပ်ပြန်ရောက်တော့နှစ် ယောက်သားတစ်နေကုန်ပင်ပန်းထားတာကြောင့် အဝတ်အစားတောင်မလဲနိုင်ဘဲရှောင်းကျန့်ကနှစ် ယောက်ထိုင်ဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်နေပြီးရိပေါ်ကတော့ရှောင်းကျန့်ပေါင်ပေါ်ခေါင်းအုံးကာလဲှလျောင်းနေရင်းကနေဝတ်ထားတဲ့နတ်ကတိုင်ကိုဆဲွချွတ်ကာလွှတ်ပစ်နေတာမို့

"ရိပေါ် ဘယ်လိုတွေလုပ်နေတာလဲ အဲ့ဒါ! အခုပြန် ကောက်"

"အာ Sorry အချစ်ရယ်။ကိုယ်အသက်ရှူကြပ်လာလို့ဆဲွဖြုတ်ပြီးလွှတ်ပစ်မိသွားတာ ခဏနေရင်ပြန် ကောက်မယ်နော် ဟီး"

"အခုရက်ပိုင်းအတွင်းကိုယ်တို့နှစ်ယောက်စလုံးဘယ်လောက်ပင်ပန်းလဲဆိုတာသိတယ်မှတ်လား ကောမင်းကိုမဆူချင်ဘူးနော်"

"အွန်းပါ အချစ်ပင်ပန်းနေတာသိလို့မောင်ဒီရက်ပိုင်းအချစ်ပြောစကားကိုအကုန်နားထောင်တယ်နော်။မောင်လိမ်မာတယ်မှတ်လားဟင်"

"ဒါပေါ့ ကောရဲ့ကလေးလေးကခရီးကပြန်ရောက်ပြီးကတည်းကအရမ်းတွေပြောစကားနားထောင်နေတာMaldives ကရိပေါ်နဲ့များတစ်ခြားစီပဲ"

"အချစ်အခုရက်ပိုင်းအလုပ်တွေပိနေတာသိလို့မောင် ကအလိုက်သိပေးတာပါဗျာ။မောင်ကလေဆိုးတယ်ဆိုပေမယ့်အခြေအနေကြည့်ပြီးမှဆိုးတာပါဗျာ့"

"ဟုတ်ပါပြီ ကဲအမောလည်းပြေပြီဆိုတော့ရေချိုးရတော့မယ် ဘယ်သူအရင်ချိုးမှာလဲပြော"

You Are My Soulmate (Completed)Donde viven las historias. Descúbrelo ahora