နှင်းတွေထူထပ်စွာကျနေတဲ့အချိန် ထိုနှင်းတွေကိုအံတုကာ ကောင်လေးတစ်ယောက်ကတော့အနွေးထည်ထူထူဝတ်ထားလျှက် မာဖလာလေးပတ်ကာအဆောက်အဦးအတွင်းကနေထွက်လာခဲ့သည်။
ကားမှတ်တိုင်ထိလမ်းလျှောက်နေရင်း တဖက်ကစာရွက်ကိုကိုင်ထားပြီး တဖက်ကလည်း တစ်စုံတစ်ယောက်ကိုPhခေါ်နေလေသည်။(sorry လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ လတ်တလောတွင်မဖြေကြားသေးနိုင်ပါ နောက်တကြိမ်ပြန်လည်ခေါ်ဆိုပါရန်)
(အခုထိPhမကိုင်သေးဘူးပဲ)
ထိုကောင်လေးကစိတ်ညစ်စွာညည်းညူပြီးလက်ထဲကစွာရွက်ကိုလုံးချေပြစ်လိုက်ပြီးBus ကားပေါ်တက်လိုက်သည်။ တစ်နေရာမှာဝင်ထိုင်ပြီးတော့ ခနကမကိုင်တဲ့Phကိုနောက်တစ်ခါ ထပ်ခေါ်ပြန်သည်။
တူ...
"ပြောဘာလဲ..."
"Jungkook ဒီနေ့နှင်းကျတယ် ဆောင်းရာသီရောက်လာပြန်ပြီ"
"ဘာကိစ္စရှိလို့လဲTaehyung ငါအချိန်ပိုအလုပ်ဆင်းနေလို့မအားဘူး"
Jungkookသူ့ဘေးနားကအပေါ်ပိုင်းဗလာနဲ့ကောင်လေးကိုတချက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။"ညနေစာစားဖို့ပြန်မလာတာ တော်တော်ကြာနေပြီလေ"
"မင်းတစ်ခုခုဖြစ်နေလို့လား"
"ညနေစာစားဖို့ပြန်လာပါလားဟင်၊ နှင်းကျတဲ့နေ့တွေဆိုငါတို့ပေါက်စီလုပ်စားကြတယ်လေ၊ ငါမင်းအတွက်လုပ်ထားပေးမယ်"
"ငါတကယ်ပြန်လာလို့မရပါဘူးဆိုနေမှ၊ မင်းလည်းပေါက်စီလုပ်မနေနဲ့တော့ငါ့လက်ထောက်ကို မင်းအတွက်မှာခိုင်းလိုက်မယ်၊ ငါအခုအလုပ်များနေလို့Phချလိုက်ပြီ"
'တူ...တူ...တူ...'
တစ်ဖက်ကPhချသံကြားတာနှင့်Taehyungဝမ်းနည်းစွာငိုချမိတော့သည်။---------
"အကိုလေးTaehyung ကျတော်ခများအတွက်ပေါက်စီယူလာတာပါ"
"နောက်ဆိုရုံးမှာကိုယ့်အလုပ်ကိုယ်ပဲအာရုံစိုက်ပါ၊ Jungkookကဒီလိုမျိုးလာပို့ခိုင်းရင်လုပ်မပေးနဲ့တော့"
"သူ့လက်ထောက်အနေနဲ့ဒါကကျတော်လုပ်ရမယ့်အလုပ်ပါ ၊ကျတော်ရတဲ့လုပ်အားခနဲ့တန်အောင် ကျတော်အလုပ်လုပ်ရမှာပဲလေ၊ အကိုလေးTaehyung တခြားဘာလိုအပ်သေးလဲ"
YOU ARE READING
နောက်ဆုံးထွက်သက်ထိ💔(Complete)
HumorLove is sweet but hurt "တချို့ကပြောတယ်အချစ်ကကြည်နူးစရာကောင်းတယ်တဲ့ ကျတော့်အတွက်တော့ အချစ်ကပေးဆပ်ခြင်းနဲ့နာကျင်ခြင်းတွေပဲ" (Kim Taehyung) "အချစ်ကနာကျင်ရမှန်းသိတာတောင် သူပျော်ရွှင်ဖို့ဆို အချစ်ကဘယ်လောက်နာကျင်ကျင် ရှေ့ဆက်တိုးနေမိမှာပါပဲ" (Kim Seokjin) ...