Ep 6

2.7K 278 18
                                    

Taehyungနိုးလာတော့ သူနဲ့စိမ်းသက်နေတဲ့နေရာတစ်ခုကိုရောက်နေသည်။ ရုတ်တရက်စိတ်ထဲပေါ်လာတာက ညတုန်းအဖြစ်အပျက်တွေ...

"အာ..ငါDr. Kimကိုဒုက္ခပေးမိပြန်ပြီ"

'ချပ်'
တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ တံခါးကြားကနေခေါင်းလေးထွက်လာကာ အထဲဝင်ဖို့လုပ်နေတဲ့ခွေးလေး။

'ချပ်'တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ တံခါးကြားကနေခေါင်းလေးထွက်လာကာ အထဲဝင်ဖို့လုပ်နေတဲ့ခွေးလေး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Seokjin သူတောင်မဝင်ရသေးဘူး ရှေ့ကနေဝင်ဖို့လုပ်နေတဲ့ခွေးလေးကို ခပ်တိုးတိုးလေးဟောက်လိုက်သည်။

"ရား Toenie မင်းဘာလုပ်မလို့လဲ ပြန်ထွက် မင်းကိုဘယ်သူကဝင်ခိုင်းလို့လဲ"

Seokjinရဲ့စကားကိုနားမထောင်ဘဲ သူ့ဆီပြေးလာတဲ့ခွေးလေးကြောင့် Taehyungအသံထွက်ပြီးရီလိုက်မိသည်။

"ခွီး.."

Seokjin က Taehyungရယ်သံကြောင့် အားနာသလိုကြည့်လာပြီး...

"မင်းနိုးနေပြီလား"

"အွန်း"

"သူကမကိုက်တတ်ဘူးရယ် အကောင်နည်းနည်းလေးကြီးရုံပါပဲ..မကြောက်နဲ့နော်"

"စိတ်မပူပါနဲ့ ကျတော်လည်း တိရိစ္ဆာန်လေးတွေကိုချစ်တတ်ပါတယ်"

Taehyung သူ့နားမှာကုတ်ကုတ်လေးထိုင်ကာ ကြည့်နေတဲ့Toenieရဲ့ခေါင်းလေးကိုဖွရင်း အပြုံးလေးနှင့်ပြောလိုက်သည်။ Seokjinခနတော့ငေးမိသွားသည်။ Taehyungပုံစံလေးက သူသဘောကျတာကိုလုပ်ရလို့ပျော်နေတဲ့ ကလေးလေးတယောက်လိုဖြူစင်နေသည်လေ။

Seokjin ကကုတင်ပေါ်ကိုတစောင်းထိုင်လိုက်ပြီး..

"ဒီတစ်နေ့ခင်းလုံး ကိုယ်စွတ်ပြုတ်ချက်တာကို ကြိုးစားနေတာ နောက်ဆုံးထွက်လာတဲ့အရသာက အဆင်ပြေလောက်မှာပါ စားကြည့်လိုက်ဦး"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now