နှာခေါင်းထဲမှာဆန်ပြုတ်နံ့မွှေးမွှေးလေးရလို့ Taehyungနိုးလာပြီး ထထိုင်လိုက်သည်။
"နိုးပြီလား."
Jungkookအခန်းထဲဝင်လာတော့ Taehyungမော့မကြည့်ဖြစ်..သူ့ခန္ဓာကိုယ်က သိပ်မနာတော့ဘဲ နည်းနည်းတော့သက်သာနေပြီ..ဒါပေမယ့်သူ Jungkookကို စကားပြောချင်စိတ်မရှိ...
"ကိုယ့်ကိုMorningလို့ မပြောတော့ဘူးလား.."
Taehyung က Jungkookကိုတချက်သာ လှမ်းကြည့်လိုက်သည်။ ဒါပေမယ့်ထိုင်တာကြာတော့ သူ့အောက်ပိုင်းက ကျင်ကနဲဖြစ်သွားပြီး မျက်နှာလေးရှုံ့မဲ့သွားသည်။ Jungkookက စိုးရိမ်ကာ သူ့အနားကိုအပြေးရောက်လာပြီး..
"မင်းအဝက နာနေတုန်းလား..ကိုယ်ကြည့်ပေးမယ် မနေ့က Namjoon Hyung ဆေးတွေထားခဲ့တယ်အစာစားပြီး ဆေးလိမ်းရအောင်နော်"
Jungkookလက်လှမ်းလိုက်တော့ Taehyung ပုတ်ထုတ်ပြီး တားလိုက်သည်။ Jungkookတချက်ကြောင်သွားပေမယ့် ပြန်ပြုံးလိုက်ပြီး...
"ကိုယ့်ကို စိတ်ဆိုးနေတုန်းလား.."
Jungkook ကုတင်ပေါ်ကို ဘေးတစောင်းထိုင်လိုက်ပြီး Taehyungခေါင်းလေးကို ဖြေးဖြေးလေး ဖွလိုက်ကာ...
"စိတ်မဆိုးပါနဲ့တော့နော် ကိုယ်ကမင်းအပြင်မှာ လူလိမ်ခံရမှာစိုးလို့ လူတွေကမင်းအပေါ် အမြတ်ထုတ်ကြမှာစိုးလို့.. ပြီးတော့ကိုယ်မင်းကို သဝန်တိုမိလို့ပါကွာ.."
"...."
"ဒီလိုအေးတဲ့ရာသီမှာ မင်းကမင်းရဲ့ဆွယ်တာကို တခြားလူတစ်ယောက်ဆီမှာကျန်ခဲ့တယ်.. အဲ့တာကိုသိတော့ကိုယ့်နှလုံးသားက ခြစားသွားသလိုပဲ ကိုယ်အပြင်သွားတယ်ဆိုတာက တစ်ချို့ကိစ္စလေးတွေကို ဂရုစိုက်ဖို့လိုနေလို့ပါ.. တကယ်လို့ကိုယ်သာမလုပ်ဖူးဆို Min မိသားစုနဲ့ ရင်ဆိုင်ရလိမ့်မယ်..ကိုယ်မင်းကို လျစ်လျုရှုထားသလို ဖြစ်သွားတယ်..ဒါပေမယ့် ကိုယ်အလုပ်ကြိုးစားပြီးပိုက်ဆံရှာနေတာတွေအားလုံးက မင်းအတွက်ပဲလေနော်.."
Taehyungကဘာမှမပြောဘဲ ရုတ်တရက်ထိုင်နေရာမှထသွားတော့ Jungkookအလန့်တကြားနဲ့ လက်ကိုလှမ်းဆွဲလိုက်သည်။
"Taehyung"
"အဓိပ္ပါယ်မရှိ ပြောနေတာတွေကို ရပ်လိုက်ပါတော့"
YOU ARE READING
နောက်ဆုံးထွက်သက်ထိ💔(Complete)
HumorLove is sweet but hurt "တချို့ကပြောတယ်အချစ်ကကြည်နူးစရာကောင်းတယ်တဲ့ ကျတော့်အတွက်တော့ အချစ်ကပေးဆပ်ခြင်းနဲ့နာကျင်ခြင်းတွေပဲ" (Kim Taehyung) "အချစ်ကနာကျင်ရမှန်းသိတာတောင် သူပျော်ရွှင်ဖို့ဆို အချစ်ကဘယ်လောက်နာကျင်ကျင် ရှေ့ဆက်တိုးနေမိမှာပါပဲ" (Kim Seokjin) ...