Ep 12

2.7K 257 26
                                    

Seokjin ကော်ဖီခွက်ကိုကိုင်လျှက် ပြတင်းပေါက်ကနေ မနက်ခင်းရှုခင်းကို ကြည့်ရင်း ဟိုရောက်ဒီရောက် တွေးနေမိသည်။

အနောက်ကလာတဲ့ ခြေသံကြောင့် Taehyungအထင်နဲ့ လှည့်ကြည့်လိုက်ပေမယ့် မမျှော်လင့်ထားတဲ့သူဖြစ်တာကြောင့် အံ့သြသွားသည်။

"Hyung ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"မင်းက ငါ့ကို မခေါ်ဘူးလေ အဲ့တော့ မင်းကိုခေါ်ဖို့ ငါဒီရောက်လာတာ"

..ဖြောင်း..

အပြောနဲ့အတူ ကျရောက်လာတဲ့အားပါပါ လက်ဝါးချက်​ကြောင့် နီရဲသွားတဲ့ Seokjinရဲ့ ပါးတစ်ဖက်...

"မင်းက ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့လေ"

"ကျတော် ဘာအမှားလုပ်မိလို့လဲ"

Seokjinအခုထိ သူ့အကို သူ့ကို ဘာလို့ရိုက်မှန်းနားမလည်.. Hyungပုံစံက တော်တော်ကို ဒေါသထွက်ပုံရသည်။

"မင်း လွန်ခဲ့တဲ့ရက်တုန်းက အိမ်ကိုခေါ်လာတဲ့သူက ဘယ်သူလဲ"

သူ့အကို အမေးကြောင့် ဘာလို့ဒေါသထွက်နေမှန်း Seokjin သိသွားသည်။

"ကျတော် သူ့ကို သဘောကျတယ် Hyung"

"အဲ့တော့ ငါက မင်းကို ချီးကျူးရမှာလားဟမ်..အဲ့လူက Jeon Jungkookရဲ့နှလုံးသားကို ရထားတဲ့သူလေ ..အဲ့ကောင် ငါ့ကို ခွေးရူးလို လိုက်ကိုက်နေတာ ဒီ၂ရက်အတွင်း ငါ့ငွေတွေ ဘယ်လောက်ဆုံးရှုံးသွားလဲမင်းသိလား.. ငါသာ မင်းကို ရှာမတွေ့လို့ကတော့..."

"Hyungအသံကို တိုးစမ်းပါ Taehyung နိုးသွားလိမ့်မယ် ဒီရက်ပိုင်း သူ ကောင်းကောင်းအိပ်မပျော်တာ ကြာပြီ"

အခုတလော Taehyungရောဂါက ပိုပိုဆိုးလာပြီး အိပ်ရေးပျက်တာ များနေပြီလေ။

"မင်းက အမြဲ ဒီလိုကစားနေတာပဲ.. ငါမင်းကို coverမလုပ်ပေးနိုင်ရင် မင်းဘယ်လိုဖြစ်မယ်ထင်လဲ..မင်းနဲ့ကစားဖို့ သာမာန်နောက်ခံမရှိတဲ့သူကိုပဲ မရှာနိုင်ဘူးလား
.. အနည်းဆုံးတော့ သန့်ရှင်းတဲ့လူတစ်ယောက်ကို မင်းမရှာနိုင်ဘူးလား..ဟမ်"

Seokjin မှာ သူ့ကိုရောTaehyungကိုပါ ပြောနေမို့ သည်းမခံနိုင်တော့... အရင်ကတည်းက သူက မိသားစု အလိုကျနေလာခဲ့တဲ့သူ။ အခုတော့ သူ့စိတ်တွေကိုလွှတ်ပေးလိုက်ချင်ပြီ။

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now