Taehyung သူ့လက်မှာ ကိုင်ထားတဲ့ လက်စွပ်လေးအား စိုက်ကြည့်နေသည်။
(ဒီလက်စွပ်ကို ငါဝတ်ခဲ့တာ ဆယ်နှစ်တောင်ရှိပြီ...
ငါ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးထဲမှာ ဒီလက်စွပ်လေးက ငါ့အတွက် အဖိုးတန်ဆုံးအရာပဲ...
ငါမထင်ထားမိဘူး တခြားသူတွေရဲ့အမြင်မှာ ဒီပစ္စည်းကစျေးပေါပြီး အဆင့်အတန်း မရှိခဲ့ဘူးဘဲ...
နောက်ဆုံးတော့ ငါနားလည်သွားပါပြီ...
ငါက သူများတွေအမြင်မှာ ဟာသသဘောလောက်ပဲ ရှိတဲ့ဟာကို တချိန်လုံး ဆုတ်ကိုင်ထားနေခဲ့တယ်ဆိုတာကိုပေါ့...)
Taehyung လက်စွပ်လေးကို လွှတ်ချလိုက်တော့ စားပွဲခုံအောက်ထဲကို အသံမြည်စွာ တလိမ့်လိမ့် ဝင်သွားလေသည်...
"Taehyung ရေ ကိုယ်ပြန်ရောက်ပြီ"
Taehyung မျက်နှာသေနဲ့ ထိုင်နေရာကနေ Jungkook အသံကြားတာကြောင့် အလျှင်အမြန်အပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီး...
"အာ..မင်းပြန်လာပြီလား"
မမြင်တာ ကြာပြီဖြစ်တဲ့ Taehyungရဲ့ အပြုံးလေးကိုမြင်ပြီးJungkookအံသြသွားမိသည်။ ခါတိုင်းသူပြန်လာရင် အမြဲသူ့ကိုရှောင်နေတတ်တဲ့Taehyungက အခုတော့ သူ့ကိုပြုံးပြီး စကားပြန်ပြောနေတာကြောင့်ပင်။
"ဒီပန်းတွေက ငါ့အတွက်လား"
Jungkook လက်ထဲက ပန်းစီးကိုကြည့်ရင်း မေးငေါ့ကာ Taehyung မေးလိုက်သည်။
"မင်းအတွက် မဟုတ်လို့ ဘယ်သူ့အတွက် ဖြစ်ရမှာလဲ.. ပန်းရောင်းတဲ့ဆိုင်က မဖွင့်သေးလို့ မင်းကို ဝယ်ပေးဖို့ ထိုင်စောင့်နေတာနဲ့ ကြာသွားတာ"
Jungkook က Taehyungကို ပန်းစည်းပေးရင်း ပါးတစ်ဖက်ကိုငုံ့ကာ အနမ်းခြွေလိုက်သည်။
"မင်းခုချိန်ထိ ဘာမှမစားရသေးဘူးမလား ကိုယ်ဟင်းချက်စရာတွေ ပြန်ဝယ်လိုက်ဦးမယ်.. မင်းအတွက် ညနေစာ ကိုယ်ချက်ပေးမယ်"
"အွန်း"
Taehyungရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်ကာ Jungkook ပြန်ထွက်သွားသည်။
.
.Jungkook ပြင်ဆင်ချက်ပြုတ်ပြီးသွားတော့ ထမင်းစားခန်းထဲမှာ Taehyungနဲ့အတူ ညစာစားနေသည်။
YOU ARE READING
နောက်ဆုံးထွက်သက်ထိ💔(Complete)
HumorLove is sweet but hurt "တချို့ကပြောတယ်အချစ်ကကြည်နူးစရာကောင်းတယ်တဲ့ ကျတော့်အတွက်တော့ အချစ်ကပေးဆပ်ခြင်းနဲ့နာကျင်ခြင်းတွေပဲ" (Kim Taehyung) "အချစ်ကနာကျင်ရမှန်းသိတာတောင် သူပျော်ရွှင်ဖို့ဆို အချစ်ကဘယ်လောက်နာကျင်ကျင် ရှေ့ဆက်တိုးနေမိမှာပါပဲ" (Kim Seokjin) ...