အဝေးပြေးကားလမ်းမပေါ်တွင်...
Taehyung နိုးလာတော့ သူတို့တွေ လမ်းမှာပဲရှိနေသေးကာ တော်တော်ပင်ညည့်နက်နေပြီ။ Seokjinကအိပ်ချင်မူးတူးလေးဖြစ်နေတဲ့ Taehyungအား...
"ပင်ပန်းနေပြီလား.. ရှေ့မှာ ရပ်နားစခန်းရှိတယ် အဲ့ရောက်မှ အညောင်းပြေအညာပြေ လမ်းဆင်းလျှောက်ကြရအောင်"
"မင်းက ငါ့ထက်ပိုပင်ပန်းမှာပေါ့ ကားမောင်းတာတော်တော်ကြာနေပြီ.. ခနလောက်နားပြီး တစ်ခုခုစားလိုက်ဦး အလျင်မလိုနဲ့ဖြေးဖြေးမောင်းလေ မင်းမောင်းတာအရမ်းမြန်နေတယ်"
"ကိုယ့်ကို စိုးရိမ်နေတာလား"
"အာ..ကျတော် အရင်ကDaeguကို ဘယ်သူနဲ့မှမသွားဖူးဘူးလေ ဖြည်းဖြည်းနဲ့မှန်မှန်မောင်းပါ Seokjinမောင်းတာ အရမ်းမြန်နေလို့"
ဖြေရှင်းချက်တွေပေးနေတဲ့ Taehyungက Seokjinတမျိုးထင်သွားမှာ စိုးရိမ်နေပုံရသည်။
ရပ်နားစခန်းရောက်တော့ ကားကိုတစ်နေရာမှာပါကင်ထိုးပြီး သူတို့နှစ်ယောက် ခွေးလေးနဲ့အတူ ဆင်းလာခဲ့ကြသည်။
"မင်း Toenieနဲ့အတူ လမ်းလျှောက်မလား"
Seokjinခွေးထိန်းကြိုးလေးကို Taehyungဆီလှမ်းပေးလိုက်သည်။
"မင်းခွေးကျောင်းရတာကို သဘောကျလား"
"ကျတော့်မိသားစုက ခွေးမွေးတာကို မကြိုက်ကြဘူး"
Taehyungအား Seokjinလှမ်းကြည့်လိုက်သည်။သို့သော် စကားဆက်မပြောဖြစ်.. သူတို့အတူ လမ်းလျှောက်နေရင်း...
"Seokjin ကျတော့်ကို အားနည်းတဲ့သူ၊ အကူအညီမဲ့နေတဲ့သူလို့ မြင်လား"
Taehyung ရဲ့ရုတ်တရက် အမေးစကားကြောင့် Seokjinနည်းနည်းတော့ ဖြေရခက်သွားသည်။
"အမ်...အမှန်တိုင်းပြောရရင် ကိုယ်မင်းကို လူလိမ်ခံရမှာစိုးရိမ်တယ် မင်းက စိတ်သဘောထားနူးညံ့လွန်းလို့လေ"
"Seokjin ပြန်ဖြေပေးစရာ မလိုပါပါဘူး.. တခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်မှုမရှိဘဲ လမ်းပျောက်နေတတ်တာတော့ အမှန်ပဲ"
လမ်းလျှောက်ရတာ နည်းနည်းညောင်းလာတာကြောင့် လမ်းဘေးမှာရှိတဲ့ ခုံတန်းလေးမှာ Taehyung ဝင်ထိုင်လိုက်သည်။ ရောဂါရကြောင့် ထင်ပါရဲ့ အရင်တုန်းကလောက် ကိုယ်ခံအား မကောင်းတော့သလိုပဲ။
YOU ARE READING
နောက်ဆုံးထွက်သက်ထိ💔(Complete)
HumorLove is sweet but hurt "တချို့ကပြောတယ်အချစ်ကကြည်နူးစရာကောင်းတယ်တဲ့ ကျတော့်အတွက်တော့ အချစ်ကပေးဆပ်ခြင်းနဲ့နာကျင်ခြင်းတွေပဲ" (Kim Taehyung) "အချစ်ကနာကျင်ရမှန်းသိတာတောင် သူပျော်ရွှင်ဖို့ဆို အချစ်ကဘယ်လောက်နာကျင်ကျင် ရှေ့ဆက်တိုးနေမိမှာပါပဲ" (Kim Seokjin) ...