Epilogue

5.2K 312 54
                                    

Ding Dong!

တံခါးBellသံကြောင့် Seokjin တံခါးသွားဖွင့်လိုက်သည်။

"လူကြီးမင်းမှာထားတဲ့ပန်းတွေရောက်ပါပြီ"

"ကျေးဇူးပါ ဒီအပင်တွေကိုဧည့်ခန်းထဲကူရွှေ့ပေးလို့ရမလားဗျ"

"အာ..ရတာပေါ့ဗျ"

ဝန်ဆောင်မှုပေးတဲ့ ဦးလေးကြီးနဲ့အတူ ဧည်ခန်းထဲကို ပန်းအိုးတွေကို ရွှေ့နေတဲ့Seokjinကို Taehyung အံ့သြစွာ ကြည့်နေမိသည်။ သိုသော် ဘာမှတော့မမေးဖြစ်။ နောက်ဆုံးပန်းအိုးကို ရွှေ့ပြီးတော့ ဦးလေးကြီးက Seokjinကို နှုတ်ဆက်ပြီး ပြန်သွားသည်။ ဧည့်ခန်းပတ်ပတ်လည်အပြည့်ဖြစ်နေတဲ့ ပန်းပင်လေးတွေကTaehyungကို တစ်မျိုးတော့ စိတ်ချမ်းသာစေသည်။

"ပန်းတွေကြိုက်လား...ခြံထဲက စံပယ်ပန်းတွေက အခုထိမပွင့်သေးပေမယ့် ကိုယ်တို့ ပွင့်နေတဲ့အပင်တွေဝယ်ပြီးတော့ ဧည့်ခန်းထဲမှာ ထားလို့ရတယ်လေ"

"ကျေးဇူးတင်ပါတယ် Seokjin...ငါ အရမ်းကြိုက်တယ်"

Taehyung က ပြုံးရွှင်စွာပင် ပြန်ဖြေသည်။ သူ့ဘေးမှာ Seokjin ဝင်ထိုင်လာတော့ သူကဆက်ပြီး...

"ငါ့အဘိုးမဆုံးခင်ကဆို သူက စံပယ်ပန်းတွေကို အရမ်းကြိုက်တာလေ.. ငါတို့ခြံဝန်းတစ်ခုလုံး စံပယ်ပန်းတွေနဲ့ပြည့်နေတာ ငါမှတ်မိသေးတယ်.. ပထဆုံးJungkook ငါ့ကို ပြောခဲ့တဲ့စကားက 'မင်းအနံ့က အရမ်းမွှေးတာပဲ'တဲ့... နောက်ရက်ကျတော့ သူ့အိတ်ကပ်နဲ့အပြည့် ပန်းတွေခူးခဲ့တာ ငါမှတ်မိသေးတယ်.. သူက ကြွေကျနေတဲ့ပန်းတွေက အနံ့မမွှေးမှာစိုးရိမ်နေတာ အဲ့ဒါကြောင့် အပင်ပေါ်က လတ်လတ်ဆက်ဆက်ပန်းတွေကိုပဲ ခူးခဲ့တာ.. ဒါပေမယ့် သူက ငါ့အဘိုးကိုကြောက်တော့ ခူးထားတဲ့ပန်းတွေကို သူ့အိတ်ကပ်ထဲ ဖွက်ခဲ့တာလေ... ငါ့အိမ်အပြန်လမ်းမှာ နေ့တိုင်း အဲ့မွှေးရနံ့ကို ရနေခဲ့တာ.. အဲ့အနံ့က ငါ့အိမ်ကို လမ်းညွှန်ပြနေသလိုမျိုးပဲ.. စဥ်းစားကြည့်ရင် အဲ့ဒီစံပယ်ပန်းရနံ့က ကမ္ဘာပေါ်မှာ အကောင်းဆုံးအနံ့လို့တောင် ငါခံစားရတယ်.. ဒါပေမယ့် ငါ့အဖိုးက နေမကောင်းဖြစ်ပြီး၂လအကြာမှာ ဆုံးပါးသွားခဲ့တယ်.. ဘယ်သူ့မှ အဲ့အပင်တွေကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့ဘူးလေ....ကျေးဇူးတင်ပါတယ် Seokjin"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now