Jungkook တစ်ယောက် နှင်းတောထဲမှာ ဒူးထောက်လျှက် အိမ်အပေါ်ထပ်ကို မော့ကြည့်နေပေမယ့် သူမြင်ချင်တဲ့သူရဲ့အရိပ်ကလေးတောင် ပေါ်မလာခဲ့။ ခနကြာတော့ ရဲဝတ်စုံနဲ့လူနှစ်ရောက် Jungkookအနားရောက်လာပြီး...
"ကျေဇူးပြုပြီး ကျတော်တို့နဲ့ လိုက်ခဲ့ပေးပါ"
"ဘယ်ကိုလဲ"
"လူကြီးမင်းက သူများပိုင်နေရာမှာ ပိုင်နက်ကျူးကျော်တယ်ဆိုပြီး တိုင်ချက်ရထားပါတယ် ကျေးဇူးပြုပြီး ကျတော်တို့စစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးပါ"
"ငါ ဒီမှာ လူတစ်ယောက်ကို စောင့်နေတာ သူ့ကို မတွေ့မချင်း မသွားနိုင်ဘူး"
ရဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်နှာရိပ်မျက်နှာကဲပြပြီး Jungkookရဲ့တစ်ဖက်တစ်ချက်ဆီကနေ ဆွဲမလိုက်သည်။
အံ့သြဒေါသထွက်ကာ ရုန်းနေတဲ့Jungkook...
"ခများတို့ဘာလုပ်တာလဲ ငါ မသွားချင်ဘူး ငါ့ကိုလွှတ်စမ်း"
သို့သော် ရဲတွေက Jungkookပြောတာကို ဂရုမစိုက်ဘဲ သူတို့အလုပ်သူတို့ဆက်လုပ်ကာ ချုပ်ပြီးဖမ်းခေါ်သွားသည်။
Jungkook မှာရဲနှစ်ယောက်လက်ထဲကနေ ရုန်းရင်း အော်ပြောနေခဲ့သည်။
"Taehyung....
Taehyung.. မင်းကိုယ့်ကို အလိုမရှိတော့ဘူးလား..
မင်းပြောတော့ ကိုယ့်ကိုဘယ်တော့မှ ထားမသွားပါဘူးဆို.....
Taehyung ကိုယ်မှားသွားပါတယ်...ကိုယ်မှားမှန်းသိပါပြီ...
Taehyung ကိုယ်မင်းမျက်နှာလေးကို တွေ့ချင်ရုံလေးပါ...
တောင်းပန်ပါတယ် ကိုယ့်အပေါ်မရက်စက်ပါနဲ့.."
အောက်ထပ်ကJungkookရဲ့အော်သံတွေကိုနားထောင်ရင်း Taehyung မျက်ရည်တွေ စီးကျနေသည်။
"Taehyung ဒီမှာမင်းရဲ့ဆေးသောက်..."
Seokjin အခန်းထဲဝင်လာရင်း Taehyungငိုနေတာကိုမြင်ပြီး စကားပြောတာ ရပ်သွားသည်။
Taehyung သူ့မျက်ရည်တွေကို အလျှင်အမြန် သုပ်လိုက်သည်။
"အေးနေတယ်လေ"
YOU ARE READING
နောက်ဆုံးထွက်သက်ထိ💔(Complete)
HumorLove is sweet but hurt "တချို့ကပြောတယ်အချစ်ကကြည်နူးစရာကောင်းတယ်တဲ့ ကျတော့်အတွက်တော့ အချစ်ကပေးဆပ်ခြင်းနဲ့နာကျင်ခြင်းတွေပဲ" (Kim Taehyung) "အချစ်ကနာကျင်ရမှန်းသိတာတောင် သူပျော်ရွှင်ဖို့ဆို အချစ်ကဘယ်လောက်နာကျင်ကျင် ရှေ့ဆက်တိုးနေမိမှာပါပဲ" (Kim Seokjin) ...