Ep 8

2.8K 285 31
                                    

မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် Taehyungခနမျှသတိလွှတ်နေမိသည်။
၅စက္ကန့်လောက်ထိတွေ့သွားတဲ့ နှစ်ခမ်းနှစ်လွှာ...

Taehyungအသိဝင်တော့ Seokjinကိုတွန်းလွှတ်လိုက်ပြီး..

..ဖြန်း...

လည်ထွက်သွားတဲ့ပါးပြင်ကိုကိုင်ရင်း Seokjinသူမှားသွားပြီဆိုတာ သိလိုက်သည်။

Taehyungကုတင်ပေါ်မှအမြန်ထပြီး အခန်းပြင်ကိုထွက်သွားတော့ Seokjin နောက်ကနေလိုက်လာခဲ့သည်။

"Taehyung..."

"....."

"Taehyung ကိုယ့်ဘက်က အမှားလုပ်မိတာဖြစ်ချင်ဖြစ်လိမ့်မယ် ဒါပေမယ့်မင်းခန္ဓာကိုယ်က အားနည်းနေတယ် ပြန်လာပြီးလှဲနေလိုက်ပါနော်"

"...."
Seokjinစကားတွေကိုလစ်လျူရှုကာ Taehyungရှေ့ဆက်သွားနေမြဲ...

"ကိုယ်မင်းကို အရမ်း အရမ်းကြိုက်တယ်Taehyung.. မင်းကိုယ့်ကို အဲ့လောက်တောင်သဘောမကျနေတာလား..."

Taehyung သွားနေရာမှာရပ်သွားကာ Seokjinဘက်ကို လှည့်ကြည့်လာသည်။

"Seokjin.. ကျတော်Seokjinကို အမှားထပ်လုပ်တာ မမြင်ချင်တော့ဘူး..Seokjinက အရမ်းကောင်းတဲ့သူတစ်ယောက်ပါ...ကျတော်တစ်စုံတစ်ယောက်ရဲ့အနာဂတ်ကို မဖျက်ဆီးပစ်နိုင်ဘူး"

Taehyungက စကားတွေ တရဆက်ပြောနေပေမယ့် Seokjinစိတ်ထဲမှာတော့ လက်ရှည်အပါးလေးသာဝတ်ထားတဲ့ ကိုယ်လုံးသေးသေးလေးကို စိတ်ပူနေမိသည်..

(ကုတ်အင်္ကျီက အနားယူတဲ့နေရာမှာ
ကျန်ခဲ့တယ်...ရာသီဥတုကလည်း အရမ်းအေးနေတာ သူ့ကိုယ်ခံအားက ကောင်းတာမဟုတ်ဘူး သူအအေးမိပြီးအဖျားတက်လာရင် ဘယ်လိုလုပ်မလဲ)

Seokjin သူ့ရဲ့duty coatကိုချွတ်ပြီး Taehyungကိုယ်ပေါ် ခြုံပေးလိုက်သည်။

"ပြောတာရပ်လိုက်တော့ ရာသီဥတုကဒီလောက်အေးနေတာ ကိုယ်မင်းကိုအရင်ဆုံး လိုက်ပို့ပေးမယ်"

"...."

"ကိုယ်မင်းကို ဖိအားမပေးပါဘူး ကိုယ့်ကိုငြင်းမယ်ဆိုရင်တောင် အရင်ဆုံးကားထဲတာ့ဝင်လိုက်ဦး ဟုတ်ပြီလား"

"ကောင်းပါပြီ"
.
.

ကားမောင်းနေရင်းSeokjinက
စကားဆိုလာသည်။

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now