ပင်လယ်ကမ်းခြေတစ်ခုတွင်...
Seokjin ရေစပ်မှာရပ်နေရင်း သူ့ခြေထောက်ကို ရေလှိုင်းတွေက လာကြည်စားသလို ပုတ်ခတ်နေကြတာကို စိုက်ကြည့်နေမိသည်။ ရုတ်တရက် သူ အနောက်ဘက်က လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က သူ့ဆီပြေးလာနေသည်။
တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့သူက မျက်လုံးလေးတွေမှိတ်ကျသည်အထိ ပြုံးရယ်ကာပြေးလာနေတဲ့ Taehyung ဖြစ်နေသည်။ Seokjinမျက်နှာမှာအပြုံးလေးတွေဖြစ်တည်ကာ ပြေးလာနေသူအား ပွေ့ဖက်ရန် သူ့လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
သို့သော် Taehyungက သူ့ကိုယ်ကိုဖြတ်ပြီး ပင်လယ်ဆီကို ပြေးဆင်းသွားတာကြောင့် Seokjinခနတော့ အံ့သြပြီး ကျောက်ရုပ်ကြီးလို ငြိမ်သက်နေမိသည်။သတိဝင်လာလို့ လှည့်ကြည့်လိုက်တော့ Taehyungကိုယ်က ပင်လယ်ထဲမှာ ရင်ခေါင်းလောက်ထိ နစ်မြုတ်နေလေပြီ။
"မဖြစ်ဘူး...မလုပ်နဲ့ Taehyung မဟုတ်ဘူး..."
Seokjin ပင်လယ်ထဲကို အမြန်ပြေးဆင်းပြီး လှမ်းဆွဲလိုက်သော်လည်း မမှီတော့ဘဲ နှစ်မြုတ်သွားတဲ့ Taehyungရဲ့ခန္ဓာကိုယ်။ Seokjin အာခေါင်ခြစ်ကာ အော်လိုက်မိသည်။
"AnnDwel (မဖြစ်ရဘူး.)....."
ချွေးတွေနဲ့အတူ မောဟိုက်စွာ လန့်နိုးလာတဲ့Seokjin... ဘေးကို အလန့်တကြားကြည့်လိုက်တော့ အိပ်နေရင်း မျက်ရည်တွေကျကာ ယောင်ရမ်းနေတဲ့Taehyungကို တွေ့လိုက်ရသည်။
'အင်း...ဟင်း...ငါခံစားလို့ မကောင်းဘူး...'
Seokjin က Taehyungရဲ့ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး...
"ငါဒီမှာရှိတယ်..အဆင်ပြေပါတယ် အရာအားလုံးအဆင်ပြေသွားမှာပါ.."
သူ့ကိုပြန်ဖက်လာတဲ့ Taehyungရဲ့ ကိုယ်ငွေ့လေးက ပူခြစ်နေတာကို Seokjin သတိထားမိသွားသည်။
"ဟင်း..သူကိုယ်တွေ ပူနေပြန်ပြီ"
Seokjin ရေပတ်တိုက်ပေးဖို့ ခြုံထားတဲ့စောင်ကိုဖယ်ပြီး ထဖို့ပြင်လိုက်တော့ Taehyung က သူ့ကိုလွှတ်ထွက်သွားမှာစိုးသည့်အလား ဆွဲဖက်လာသည်။ မျက်ရည်တွေလည်း စီးကျကာ သူ့ကိုထွက်မသွားဖို့တောင်းပန်နေသည်။
YOU ARE READING
နောက်ဆုံးထွက်သက်ထိ💔(Complete)
HumorLove is sweet but hurt "တချို့ကပြောတယ်အချစ်ကကြည်နူးစရာကောင်းတယ်တဲ့ ကျတော့်အတွက်တော့ အချစ်ကပေးဆပ်ခြင်းနဲ့နာကျင်ခြင်းတွေပဲ" (Kim Taehyung) "အချစ်ကနာကျင်ရမှန်းသိတာတောင် သူပျော်ရွှင်ဖို့ဆို အချစ်ကဘယ်လောက်နာကျင်ကျင် ရှေ့ဆက်တိုးနေမိမှာပါပဲ" (Kim Seokjin) ...