Ep 5

2.7K 300 38
                                    

ဆေးရုံတွင်,

Taehyungနံရံကိုမှီပြီးလမ်းလျှောက်ရင်း သူ့ကိုယ်သူတောင်မထိန်းနိုင်တော့။ ရုတ်တရက်သူ့ခြေထောက်တွေယိုင်နဲ့စွာ ခွေကျဆဲဆဲမှာ သူ့ကိုဆွဲဖမ်းလိုက်တဲ့လက်တစ်စုံ။

"Kim Taehyung"

Taehyungကိုစိုးရိမ်တကြီးလှမ်းထိန်းလိုက်သူက Seokjin ဖြစ်သည်။

"Dr. Kimဓာတုကုထုံးနဲ့ကုတာက အရမ်းနာမယ်ဆိုတာ ဘာလို့ကျတော့်ကိုမပြောခဲ့တာလဲ"

Taehyungတကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး အရမ်းကိုပင်ပန်းသလိုခံစားနေရသည်။

"အဆင်ပြေသွားမှာပါ အားလုံးအဆင်ပြေသွားမှာပါနော်.. ဒီလိုကုသတာကိုမင်းခံနိုင်ရည်ရှိခဲ့တာပဲ ငါဒီမှာမင်းနဲ့အတူရှိနေတယ်လေ"

"ကျတော်အရမ်းနာနေတယ် အဲ့ဒါကတဆစ်ဆစ်နဲ့နာနေတုန်းပဲ ကျတော်ဆက်ပြီးခံနိုင်ရည်မရှိတော့ရင် ဘယ်လိုလုပ်မလဲ"

Taehyung အရမ်းနာပြီးပင်ပန်းနေတာကြောင့်
Seokjinရဲ့ရင်ခွင်ထဲကိုမျက်နှာအပ်ကာ ငိုမိတော့သည်။ Seokjin သူ့ရင်ဘက်ဆီမှစိုစွတ်မှုတွေကြောင့် ငုံကြည့်ရင်း ငိုနေတဲ့Taehyungကိုမြင်တော့ ရင်ထဲမှာဆစ်ကနဲခံစားလိုက်ရသည်။

(ဘာလို့ရုတ်တရက်ကြီး ငါ့နှလုံးသားကပါ အရမ်းနာလာတယ်လို့ခံစားရတာပါလိမ့်)

"အရင်ဆုံးကိုယ့်ရုံးခန်းကိုသွားပြီးအနားယူလိုက်ဦးနော်"

Seokjin ကသူ့ရဲ့ရုံးခန်းထဲကိုခေါ်လာပြီး အခန်းထဲကကုတင်မှာ Taehyung အားလှဲအိပ်ခိုင်းလိုက်သည်။

"Dr. Kimကျတော်နည်းနည်းအေးတယ်..."

"အာ..ဒီမှာကစောင်လည်းမရှိဘူး"

Taehyungကအေးတယ်ပြောတော့ Seokjin တစ်ယောက် ပြာယာခက်သွားသည်။ ရုံးခန်းဆိုတော့စောင်ကလည်းမရှိ သူအခန်းပတ်လည်ကိုကြည့်လိုက်တော့မနက်ကTaehyungဝတ်လာတဲ့ သိုးမွှေးLongCoatအရှည်ကိုတွေ့လိုက်သည်။သူ LongcoatကိုယူလာပြီးTaehyungကိုယ်ပေါ် ခြုံပေးလိုက်သည်။

"အခုလတ်တလောတော့စောင်အနေနဲ့ဒီcoatလေးကိုပဲခြုံထားလိုက်နော်"

"....."

"မင်းရဲ့ခန္ဓာကိုယ်အခြေအနေက သိပ်ကောင်းတာမဟုတ်ဘူး မင်းဆေးရုံတက်ဖို့လိုလိမ့်မယ်...မင်းနေမကောင်းဖြစ်နေတာလည်း ကြာကြာဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး အနည်းဆုံးတော့မင်းချစ်သူကိုပြောပြသင့်တယ် တစ်ယောက်တည်းကြိတ်ခံစားဖို့လုပ်မနေနဲ့"

နောက်ဆုံးထွက်သက်ထိ💔(Complete)Where stories live. Discover now