မိုးရွာပြီးစ အချိန်ဖြစ်လို့ မိုးရေစက်လေးများက ပြတင်ပေါက်မှန်မှာ တင်ကျန်နေဆဲဖြစ်သည်။ ထပ်မံရွာသွန်းဦးမည့် အရိပ်အခြေ။ နေရောင်မရှိ၊ မှောင်မိုက်နေသော တိမ်တိုက်များ ဝန်းရံနေသည့် ကောင်းကင်ယံကို ကြည့်ယုံနှင့် သိနိုင်သည်။
ဟာရင်ဒါ၏ စားပွဲခုံက ပြတင်းပေါက်များမှန်များနှင့် ကပ်လျက်ဖြစ်ရာ အပြင်ဘက်မှ အခြေအနေကို ထင်ထင်ရှားရှားတွေ့နေရသည်။
အပြာရောင် လိပ်ပြာငယ်လေးတစ်ကောင်။ မှန်အပြင်ဘက်တွင် ခိုနားနေလေ၏။ ချစ်စဖွယ်ကောင်းသည်။
မိုးစိုနေသော အဝါရောင်သန်းစပြုနေသည့် မြက်ပင်များက လေနှင့်အတူ လွင့်မြောလျက်။ ကျောင်းဝန်းအတွင်းရှိ သရက်ပင်ဆီမှလာသော ရနံ့ဟာလည်း မွှေးပျံ့ ပျံ့။ လူတစ်ဦးတစ်ယောက်မှ မရှိသော ကျောင်းဝန်းကတော့ အဖော်ဟူ၍ မြက်ပင်နှင့် သစ်ရွက်ခြောက်များသာ တည်ရှိသည်။
တိတ်ဆိတ်ခြင်းမရှိသော အတန်း။ နောက်ဆုံးခုံမှာ မိန်းကလေးတစ်စုဟာ ပါတီပွဲတစ်ခုနှင့် ပတ်သတ်၍ ဆွေးနွေးနေကြသည်မှာ ကျယ်ကျယ်လောင်လောင်။
ဆရာမရှိသောကြောင့် ဆူညံနေသည့် စာသင်ခန်းကို လျစ်လျူရှု၍ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသော ဟာရင်ဒါ။ ပုခုံးကို လက်နှင့် ခပ်ဖွဖွလာပုတ်သော အထိအတွေ့ကြောင့် ပြတင်းပေါက်မှ အကြည့်ခွာပြီးနောက် လက်ပိုင်ရှင်ဆီသို့ အာရုံပြောင်းလိုက်သည်။
စုန်းကဝေပါတီ...။
ခရမ်းရောင်နောက်ခံတွင် vector စုန်းမပုံပါသော ပိုစတာ၌ ရေးသားထားသော အဖြူရောင် စာတန်းက အထင်အရှား။ ထိုပိုစတာက ဟာရင်ဒါ၏ အမြင်အာရုံထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာလေ၏။ နောက်ဆုံးခုံက ကောင်မလေးတွေ ပြောနေကြတာ ထိုပါတီအကြောင်းလား။
ŞİMDİ OKUDUĞUN
Butterfly [ Paranormal BL ]
Paranormalအသံထွက်ပြီး ခေါင်းလောင်းမြည်လာတဲ့အခါ ဝိညာဉ်ဖက်ကို ရှာတွေ့လိမ့်မယ်။ ဒါပေမယ့် အသံမြည်နေတဲ့ ခေါင်းလောင်းနှစ်ခုက တူညီတဲ့လူတစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်နေတာဆိုရင်။ အသံထွက်ပြီး ခေါင်းလောင်းမြည်လာတဲ့အခါ ဝိညာဉ်ဖက်ကို ရှာ...