Just_8

582 58 38
                                    

Zawgyi

"ဟောက်ရွှမ်း ဘာဖြစ်လို့လဲ ဒါလေးကြိုက်လို့လား"

"‌ဆရာ ဒီဘီဒိုထဲမှာ ဘာရှိလဲဟင်"

"ဘာရှိရမှာလဲကွာ အသစ်လေ"

"အော်....မျက်လုံး‌ထဲမှာတစ်ခုခုမြင်မိနေလို့ ပြီးတော့ရင်ထဲကနာတယ်ဆရာ"

"ဟင် လာလာအဲ့ဘီဒိုကိုပိတ်လိုက် အဆင်ပြေရဲ့လား"

"နေမကောင်းလို့အားမရှိဖြစ်သွားတာနေမယ် မနက်စာကျွေးတော့လေ"

"ပိုက်ဆံရှင်းပြီးသွားစားရအောင်နော်"

"ဟုတ်ကဲ့ဆရာ"

ပျော်ချင်ယောင်ဆောင်ပြီးပြုံးပြနေပေမယ့် ရင်ဘတ်လေးကိုကိုင်ကာ မျက်ရည်လေးတွေဝဲနေ‌တာကြောင့် တစ်ချိန်ကဘီဒိုထဲမှာမြင်ခဲ့ရတာကို မြင်ယောင်သွားမိတယ်။ ဒီကလေးလေး အရင်ဘဝကိုများမှတ်မိသွားတာလား အစကတော့ရုပ်ချင်းဆင်တူရုံလေးပဲထင်မိပေမယ့် အခုကြည့်ရတာ သူ ငါဆီတကယ်ပြန်လာခဲ့တာလား....။  ။

******************

"သက်သာလားဟောက်ရွှမ်း ဘာစားမလဲ"

"ဟုတ်သက်သာပါတယ် ဒါပေမယ့်အဖျားပြန်တက်လာသလိုပဲ နေရတာပူနေတယ်"

"အင်း ပြပါဦးစမ်းကြည့်ရအောင်"

အခုကျတော့လိမ္မာပြီးစကားနားထောင်တဲ့ကလေးလေးလိုမျိုး ဆံပင်လေးသပ်ကာ နဖူးလေးထိုးပေးတဲ့အချိန် ကျိရန်ရင်ထဲမှာလဲ တဒုတ်ဒုတ်နဲ့ အော်ငါလဲဗိုက်တော်တော်ဆာနေပြီနေမယ်။ လက်ဖဝါးလေးနဲ့နဖူးကိုအသာစမ်းလိုက်တော့ ပူကျစ်နေတာမို့ လန့်ပြီးလက်ရုတ်လိုက်မိတယ်။

"ဘာလို့လဲဆရာ"

"အရမ်းပူနေတယ် နွားနို့နဲ့ကိတ်လေးပဲစားလိုက်နော် နေကောင်းမှစားချင်တာလိုက်ကျွေးမယ်"

"ဟုတ်"

လန်းနေရာကနေ ရုတ်တရက်နွမ်းဖတ်သွားတော့လဲစိတ်မကောင်းဘူး အရင်ဆို ကိုယ်ကတခွန်းပြောရင် သူက၃ ၄ခွန်းပြောပြီးနေပြီမလား။ အခုကျတော့ မှာပေးတာလေးကို အေးဆေးလေးစားပြီး တစ်ခုခုကိုတွေးနေပုံရတာမို့ သူမပြောနဲ့ကိုယ်တောင်မနေတတ်တော့ဘူး။

Just... (Complete)Where stories live. Discover now