Zawgyi
"ရွှမ်လု ဘာမွှေလိုက်ပြန်တာလဲ"
"ဟီး ဒီလိုပါယုချန်ရယ် ရှင့်သားကရှင်းရှင်းမပြောတော့ ကျွန်မလဲ လွဲသွားတာ"
ဖြစ်ပျက်ခဲ့တာကို ယောက်ျားကိုပြန်ပြောပြလိုက်တော့ သူကပါ ဆရာ့ဘက်တော်သားဖြစ်သွားပြန်တယ်။
"စိတ်ဆိုးလဲဆိုးချင်စရာလေ ကလေးကရှင်းအောင်မပြောရင်လဲ မင်းကသေချာမေးပြီးမှပြောသင့်တာပေါ့ ပြီးတော့သူကဆရာတစ်ယောက်လေကွာ"
"ကျုပ်က တကယ်ထင်ပြီးပျော်သွားလို့မမေးမိတာပါတော်"
"ဘာ ဘာ ရွှမ်လု မင်းငါ့သားကို သူ့ဆရာလက်ထဲထည့်ဖို့ကြိုးစားနေတာတော့မဟုတ်ပါဘူးနော်"
"အမလေးယုချန်ရယ် ငါ့အကြောင်းသိရဲ့သားနဲ့ အသေအချာကိုပေးစားချင်နေလို့ တာဝန်ယူခိုင်းနေတဲ့ဟာကို စိတ်ဆိုးသွားတယ်"
"မင်းကွာ ကျောင်းတုန်းကအကျင့်တွေမပျောက်သေးဘူးလား"
"Fujoshiတို့ဇွဲ သေကာမှလျှော့တဲ့ မကြားဖူးဘူးလား"
"အဲ့စကားပုံ မကြားဖူးသလိုပဲ"
"ခုငါပြောလိုက်တာလေ ကြားဖူးပြီတော့လုပ်လိုက် ရှင်တောင်ကျုပ်ကိုမရရင်သေမယ်ဆိုလို့ သနားလို့ယူခဲ့ရတာ ရှင်နဲ့shipနေတဲ့သူကရှိပြီးသားနော်"
"တော်ပါတော့ရွှမ်လုရယ် အခုငါ့သားလေးကိုတော့ လွှတ်ပေးလို့မရဘူးလားကွာ"
"အဲ့တာဆို အဲ့ဆရာကိုရှင်ယူမလား"
"ယူစရာလားကွ"
"အေးလေ ရှင်မယူရင်သားယူပေါ့ ရှင်းရှင်းလေးဟာကို"
"မင်းကွာ ကလေးကို အခုကလေးတစ်ယောက်ထဲလွှတ်လိုက်တာလား နေမကောင်းဘူးလေ"
"ရှင်အသာနေပါ ခဏနေအဆင်ပြေသွားလိမ့်မယ့် ကျွန်မသားအစွမ်း အံ့မခန်းဆိုတာ ကျွန်မယုံတယ်"
"ရွှမ်လုရာ မင်းကွာ"
"ရှင်အခုဒီနေရာမှာရပ်မလား ညစာအငတ်ခံမလား"
"ဟုန့် ရပ်ပြီ"
"ပြီးရော သွားချောင်းမလို့လိုက်ဦးမလား"
YOU ARE READING
Just... (Complete)
Fanfictionကျောင်းသားအဆိုးလေးနဲ့ဒေါသကြီးတဲ့ကျောင်းဆရာလေး Again one shotလေးနဲ့တင်အားမရလို့ဆက်ရေးလိုက်ပြီ ကျောင်းသားအဆိုးလေးနဲ့ဒေါသကြီးတဲ့ကျောင်းဆရာလေး Again one shotလေးနဲ့တင်အားမရလို့ဆက်ရေးလိုက်ပြီ