Zawgyi
"တီတီတီတီ......."
ကျိရန်တစ်ယောက်ကျောင်းပိတ်ရက်မို့ အိပ်ရေးဝဝအိပ်မယ်မယ်တွေးပြီးအိပ်နေသောကြောင့် ဘယ်အချိန်ရောက်နေပြီဆိုတာမသိပေမယ့် မြည်လာသောဖုန်းသံကိုတော့ဒေါသထွက်သွားမိသည်။
"ဝေ"
"ကျိရန် ငါတို့ဆုံဖို့မနက်ကနေရာနဲ့အချိန်ကို စာပို့ထားတယ်လေ မလာသေးဘူးလား"
"အော်ကျိုးချန်လား စာမရောက်ပါဘူး ခဏလေးငါကြည့်လိုက်ဦးမယ်"
"မင်းအခုမှအိပ်ရာထတာလို့တော့မပြောနဲ့နော်"
"အေးလေအခုမှနိုးတာ ဘာလို့လဲ"
"ကာလနဂါး အချိန်လေးဘာလေးကြည့် အခုထရေချိုးပြင်ဆင်ပြီးလာခဲ့တော့ ဒီမှာလူစုံနေပြီ"
"ဟာ ၁၂နာရီတောင်ကျော်နေပြီလား ဟီးငါအဲ့လောက်တောင်အိပ်သွားတာလား စိတ်မဆိုးပါနဲ့ကွာ အမြန်ပြင်ပြီးလာခဲ့မယ်နော်"
"အေးအေး ဒါပဲနော်"
ဖုန်းချပြီးတာနဲ့ရေချိုးခန်းထဲပြေးဝင်လိုက်ရတယ်။ ညကအတွေးများသွားတာနဲ့တော်တော်နဲ့အိပ်မပျော်နိုင်ဖြစ်သွားတာ ဘယ်အချိန်မှအိပ်သွားလဲတောင်မသိလိုက်မိဘူး။ ဘာတွေတွေးနေလဲဆိုတော့ လင်တစ်ယောက်အဖတ်တင်မယ့်အရေးကို လက်လွှတ်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုမကျေမချမ်းဖြစ်နေတာ။
ဟောက်ရွှမ်းအမေပြောထဲက ဟုတ်ကဲ့ကျွန်တော်တာဝန်ယူပါမယ်တစ်ခွန်းပြောလိုက်ရင်ပြီးနေတဲ့ကိစ္စကို ဒီသိက္ခာဆိုတာကြီးကို ကျမှာစိုးပြီးများ စိတ်ဆိုးလာသေးတယ်တဲ့။ နောက်တစ်ခါထပ်မှားပြောပါ့မလားတွေးကြည့်တော့လဲ မနေ့ကပုံတွေကြည့်ရတာ မမှားရဲတော့ပုံပဲ။
မတတ်နိုင်ဘူးကျိရန်ရေ ကိုယ့်ဘာသာပြန်ကြိုးစားပြီးပဲ ဟောက်ရွှမ်းလေးကိုရဖို့အရေးကြိုးစားရတော့မှာပဲ မောပါတယ်ကလေးရယ် ကိုယ့်ဘက်ကတော့ ကြာလေတွယ်ငြိလေမို့ ကိုယ့်ကိုကလေးဘက်က သံယောဇဉ်ရှိလာမယ့်အချိန်ကို အမြန်လိုချင်နေပြီ။
ရေချိုးပြီးလို့အပြင်ထွက်ဖို့ပြင်မှ သဘက်မေ့ခဲ့တာသတိရတယ် အထဲဝင်တုန်းကတည်းက ဒီအတိုင်းကြီးဝင်လာမိတာလား ဟိုကလေးအကြောင်းတွေးရင်းနဲ့အမြန်ဝင်လာမိတာပဲနေမယ် ကိုယ့်အိမ်ပဲလေဘယ်သူမှမှမရှိတာ ဒီအတိုင်းလဲ ထွက်လို့ရတာပဲဆိုပြီး ရေချိုးခန်းထဲကကျိရန်ထွက်လာပေမယ့် ကုတင်ပေါ်က မျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့
YOU ARE READING
Just... (Complete)
Fanfictionကျောင်းသားအဆိုးလေးနဲ့ဒေါသကြီးတဲ့ကျောင်းဆရာလေး Again one shotလေးနဲ့တင်အားမရလို့ဆက်ရေးလိုက်ပြီ ကျောင်းသားအဆိုးလေးနဲ့ဒေါသကြီးတဲ့ကျောင်းဆရာလေး Again one shotလေးနဲ့တင်အားမရလို့ဆက်ရေးလိုက်ပြီ