Zawgyi
ကျောင်းပိတ်ရက်လေး၂ရက်မှာ မအားမလပ်ဖြစ်ပြီး ကျောင်းတက်ရက်ပြန်ရောက်လာပြီဆိုတော့ alarmမြည်တာနဲ့ ကျိရန်အမြန်ထပြီး ပြင်ဆင်လိုက်တယ်။ ခြံတံခါးဝရောက်တော့ ဟောက်ရွှမ်းများရှိနေမလားလို့ သတိတရကြည့်မိပေမယ့် မတွေ့တာနဲ့ စက်ဘီးလေးနဲ့ကျောင်းကိုသွားမယ်ဆိုပြီး စက်ဘီးကိုထုတ်လိုက်တော့
"ဝမ် ဟောက် ရွှမ်း!!!!!"
စက်ဘီးကိုလေလျှော့သွားပြီး ကျောင်းကိုပြေးပြီထင်တယ်။ ကားနဲ့သွားဖို့ကလဲသိပ်မဝေးတဲ့ခရီးပေမယ့် လမ်းလျှောက်သွားရင်လဲ ကျောင်းနောက်ကျတော့မယ်လေ။ မတတ်နိုင်ဘူးတွေးကာ ကားနဲ့ပဲထွက်လာခဲ့လိုက်သည်။
"ကျိရန်လာပြီလား ဆရာကြီးကသူ့အခန်းထဲလာခဲ့ဦးတဲ့"
"အော်အေးကျိလိ ငါအခုသွားလိုက်မယ်"
ကျောင်မတက်သေးတာမို့ အတန်းမဝင်ရသေးပေမယ့် ဆရာကြီးကခေါ်ထားတယ်ပြောတာမို့ သွားလိုက်သည်။
"ဆရာကြီး ကျွန်တော်ရောက်ပြီ"
"ဒီမှာ ကျောင်းသားသစ်၂ယောက်ရောက်လို့ သူကပိုင်ရှင်း သူကအားချင်းတဲ့"
"ပိုင်ရှင်းမင်းကဒီကျောင်းကိုဘယ်လိုရောက်လာတာလဲ"
"ဟိုကျောင်းမှာတစ်ယောက်ထဲပျင်းလို့ ဦးငယ်ကိုပြောပြီးပြောင်းခိုင်းလိုက်တာ"
"အော် မင်းကပါ ဆရာ့အခန်းလား"
"ဟီးဟုတ်တယ်ဆရာ ဦးငယ်ကဆရာကသူ့သူငယ်ချင်းတဲ့"
"ဘယ်သူတုန်းမင်းရဲ့ဦးငယ်က"
"ကျန်းဖန်ရှင်းပါဆရာ"
"အော်..."
မနေ့ကဟောက်ရွှမ်းအကြောင်းပြောနေတာ ဘာမှဝင်မပြောပဲနဲ့ နောက်ထပ်မွှေမယ့်တစ်ယောက်ကို လက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်လာထည့်ပေးလို့ ကျေးဇူးကြီးပါပေ့သူငယ်ချင်းကြီးရယ်။
"ကဲလာ ကျောင်းတက်တော့မယ်ဆိုတော့ တစ်ခါထဲပဲအခန်းထဲသွားကြရအောင်"
"ဟုတ်ကဲ့ဆရာ"
အခန်းထဲကိုသွားနေတဲ့ခြေလှမ်းတွေက နှေးသလိုထင်နေရတယ် အမွှေ၃ယောက်က ပူးပေါင်းသွားကြပြီလေ။ ကယ်ချင်တဲ့ဘုရားလာကယ်ပေးပါ ကျိရန်ကိုပစ်မထားကြပါနဲ့။
ESTÁS LEYENDO
Just... (Complete)
Fanficကျောင်းသားအဆိုးလေးနဲ့ဒေါသကြီးတဲ့ကျောင်းဆရာလေး Again one shotလေးနဲ့တင်အားမရလို့ဆက်ရေးလိုက်ပြီ ကျောင်းသားအဆိုးလေးနဲ့ဒေါသကြီးတဲ့ကျောင်းဆရာလေး Again one shotလေးနဲ့တင်အားမရလို့ဆက်ရေးလိုက်ပြီ