Just_21

532 60 34
                                    

Zawgyi

ကျိရန်ကဟောက်ရွှမ်းနာမည်ကို ဒေါသတကြီးအော်လိုက်ပေမယ့် သူ့ကိုပန်းနဲ့ပေါက်သလိုရုပ်နဲ့ သာ ခပ်ပြုံးပြုံး ကြည့်နေပြန်သည်။

"ဖြေးဖြေးခေါ်ပါဆရာရယ် ကြားပါတယ် ဆရာအသံကိုကြွားချင်ရင်လဲ ကျောင်းနှစ်ပတ်လည် စတိတ်ရှိုးပွဲမှ ကြွားတော့"

"ဟောက်ရွှမ်း ငါဒေါသထွက်နေတာနော်"

"ဆရာ့ဒေါသ ဆရာထွက်တာပဲ ထွက်ပေါ့ဆရာရဲ့ ကျွန်တော်တို့ကျောင်းသွားလိုက်ဦးမယ်နော် ဘိုင့်ဘိုင်"

ကျန်၃ယောက်လဲနိုးနေပြီမို့ မျက်ရိပ်မျက်ခြေပြကာ ဟောက်ရွှမ်းတို့၎ယောက် ပြေးထွက်လာခဲ့ကြသည်။ ဝမ်ချင်လဲဆရာကျိရန်ဒေါသထွက်နေတာမို့ ကလေးတွေနောက်ကိုသာ မသိမသာပြေးလိုက်သွားလေတော့သည်။ တော်ကြာဒေါသကိုယ့်ဘက်လှည့်လာခဲ့ရင် ပြေးပေါက်ပိတ်မှာကြောက်မိသည်။

"တီလေးကဘာလို့ပါလာတာလဲ"

"အော်တူလေးသောက်ပြီးမှောက်နေတယ်ဆိုလို့လာခေါ်ပေးတာပါ"

"ကျွန်တော့်ဆီလာတာသေချာလား"

"ဟို အင်း သေချာတာပေါ့ အဒေါ်ကိုဘာတွေထင်နေတာလဲ လာအမြန်လိုက်ခဲ့တော့ ငါသွားနှင့်ပြီ"

သူ့ဘာသူတွေးချင်တာတွေးပြီး ပြေးသွားတဲ့တီလေးနောက်ကို အားချင်းကလဲကပ်ကာလိုက်သွားသည်။ ကောချန်နဲ့ပိုင်ရှင်းကလဲ တကျိတ်ကျိတ်နဲ့ ဘာတွေပြောနေကြလဲမသိတာမို့ ဟောက်ရွှမ်းနှလုံးသားလေးနာကျင်လာသည်။

"ကောချန်မင်းတို့သွားနှင့်တော့ကွာ"

"ဘာလို့လဲကွ မင်းတစ်ယောက်ထဲဘယ်သွားမလို့လဲ"

"ဆရာတစ်ယောက်ထဲဒေါသထွက်နေရတာသနားလို့ သွားအဆူခံမလို့"

"ဟေ...ဟာ...နေဦးလေ ဟောက်ရွှမ်း..."

လှမ်းခေါ်နေတာကိုနားမထောင်တော့ပဲ နောက်လှည့်ပြေးသွားတဲ့ဟာက်ရွှမ်းကို ကောချန်တို့၂ယောက်လှမ်းကြည့်ရင်းနားမလည်နိုင်ဖြစ်နေရတယ် အဆူခံဖို့ကို အဲ့လောက်ပြေးသွားစရာလိုလို့လား...။

********************

တကယ်ဆိုစိတ်ဆိုးတယ်ဆိုတာထက် ရှက်‌တာကပိုနေတာ ကိုယ့်စိတ်ကိုယ်သာသိသည်။ ဟောက်ရွှမ်းကဆိုးတယ်ဆိုပေမယ့် ကလေးလိုမျိုးဆိုးတာသာဖြစ်ကြောင်းလဲ သိနေရဲ့သားနဲ့ ကိုယ့်ဒေါသနဲ့ကိုယ် အရှက်ရခဲ့ခြင်းသာ။

Just... (Complete)Where stories live. Discover now