Just_22 (Ending)

1K 70 45
                                    

Zawgyi

"ကျဲ"

"အော် အားချင်း"

"ကျဲကတကယ် ဟောက်ရွှမ်းဆီလိုက်လာတာလား"

"ဟုတ်...ဟုတ်တယ်လေ"

"ကျဲကိုပြောစရာရှိလို့ အားချင်းမနေ့ကတစ်ညလုံးစဉ်းစားပြီးပြီ"

"အင်း ပြောလေ ကျဲနားထောင်ပေးမယ်"

"အားချင်းကြောင့်စိတ်ရှုပ်စေမိရင် တောင်းပန်ပါတယ်ကျဲ အားချင်းနိုင်ငံခြားမှာပဲကျောင်းသွားတက်တော့မယ် ကျဲလွတ်လွတ်လပ်လပ်ပျော်နေပါစေနော်"

"တကယ် တကယ်ပြောနေတာလားကောင်မလေး"

"ဟုတ်ကဲ့ကျဲ ကျဲပျော်ရွှင်နေတာပဲမြင်ချင်တာမို့ အားချင်းဖြစ်ချင်တာတွေကို မြိုသိပ်ထားလိုက်ပါပြီ"

"မလုပ်ရပါဘူး မသွားပါနဲ့ မသွားနဲ့နော်ကောင်မလေး ကျဲကြိုးစားပေးပါမယ် အနားကတော့ထွက်မသွားလိုက်ပါနဲ့နော်"

"ကျဲကမသွားစေချင်....ဟင် ကျဲ! ကျဲတကယ်ပြောတာလား"

"ဟုတ်တယ်ကောင်မလေး ညကကျဲလဲတစ်ညလုံးတွေးထားတဲ့အပြင် မနက်ကဆရာကျိရန်ပြောတာတွေကြောင့် ကျဲလက်ခံဖို့စဉ်းစားလိုက်ပြီမို့ခို့ ကောင်မလေးက ကျဲကိုအချိန်နည်းနည်းပေးပါနော်"

"ဟာရတာပေါ့ ကြိုက်သလောက်အချိန်ယူ ပျော်လိုက်တာကျဲရာ"

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အလှဆုံးပြုံးကာ ကျောင်းဝန်းထဲဝင်သွားကြတဲ့ ကောင်မလေး၂ယောက်ရှိကြလေရဲ့...။

**********************

အိပ်ရာထဲမှာလူးလိမ့်နေတဲ့ဟောက်ရွှမ်းက နှုတ်ခမ်းမှာချိတ်ဆွဲထားတဲ့အပြုံးကြောင့် အကြောသေနေတယ်ထင်ရပေမယ့် တကယ်ကိုပါးစပ်မစိနိုင်အောင် အားရပါးရပြုံးနေခြင်းပေ။

မနေ့ကဆရာနဲ့လမ်းမှာစကားပြောရင်း ငိုချတော့မယ်ပြင်ကာမှနဖူးပေါ်ကိုရောက်လာတဲ့အနမ်းဖွဖွကြောင့် ကမ္ဘာကြီးပဲရပ်တန့်သွားသလို ရိုလာကိုစတာပေါ်ပဲရောက်နေသလိုလိုခံစားချက်ကြီးကြောင့် အိမ်ကိုအမြန်ပြေးကာ အခန်းထဲကအိပ်ရာပေါ်မှာ တွေးရင်းပြုံးလိုက် ပြုံးရင်းတွေးလိုက်ဖြစ်နေခြင်းပင်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 24, 2021 ⏰

Add this story to your Library to get notified about new parts!

Just... (Complete)Where stories live. Discover now