2u+z

5.8K 343 16
                                    

ရှောင်းကျန့် သီချင်းဆိုပြီး စင်နောက်ဖက်မှာ အဝတ်လဲနေတုန်း..

"ကျန့်ကျန့်... ''

"ဗျာ.. အစ်ကိုကျိုး..ဘာလဲ.. ''

"မနက်ဖြန် MaskLoverအတွက်..ဝတ်စုံအပ်ရမယ်
အဲ့တာ..ကိုယ်တိုင်းလိုတယ်..CEOက ဖုန်းဆက်လို့..''

"အော်.. အင်း.. Designer ကဘယ်သူလဲ ''

"ကျီလိ (နျဲ့ဟွိုက်ဆန်း)လေ..သူက..၉နာရီ လောက် လာခဲ့ဖို့ ပြောတယ်.. ''

"အင်း.. အာ့ဆို ပြန်ရအောင်.. ကျွန်တော် ပင်ပန်းနေပြီ.. မနက်ဖြန် schedule ရှိသေးလား..''

"အင်း.. ညနေပိုင်း.၂နာရီ . Outdoor ရိုက်ရမယ်၄နာရီ လောက်မှာ..ပွဲတစ်ခုတက်ရမယ်.ပြီးတော့ .''

"အဲ့တာတွေ..နောက်မှ အခု..အမြန်ပြန်ရအောင်..ဗိုက်လည်း ဆာနေပြီ.. ''

"အင်း.. ''

............

"ပြန်တော့မလို့လား..''

Olay ရဲ့ တာဝန်ခံ က မေးလာသည်မို့

"ဟုတ်တယ်.. တာဝန်ခံကျူး..ပြန်တော့မလို့..အဲ့တာလာနူတ်ဆက်တာ..''

"အင်း.. ကောင်းသောညလေးဖြစ်ပါစေ.. ''

"ဟုတ်.. ကျေးဇူးပါ.. ''

တာဝန်ခံ ကျူးလျိုနဲ့..နူတ်ဆက်ပြီး မန်နေဂျာကျိုးနဲ့အတူ..ပြန်လာခဲ့ကြသည်။

"ကျန့်ကျန့်... ဘာစားမလဲ.. လူရှင်းတယ်.. ''

"အင်း.. အဲ့တာဆို..Pizza စားချင်တာ.. ''

"ဝိတ်တက်မယ်..ကျန့်ကျန့်..တခြားဟာ ''

"Pizza စားချင်တာ နည်းနည်းစားပါရစေ..ပိစိလေးပဲစားမှာ..နော်.. ''

မျက်ဝန်းရွဲလေးနဲ့ ချွဲနွဲ့ပြောဆိုလာသည့် အခါ အစ်ကိုကျိုးက ဘယ်လိုများတောင့်ခံနိုင်ပါ့မလဲ။

"ပြီးရောလေ.. ပိစိလေးကသေချာတယ်နော်..''

"ဟုတ်.. ''

ထို့နောက် Pizza ဆိုင်ရှေ့လေးမှာ ကားရပ်ပြီး
လူအခြေအနေအကဲခတ်ကာ..ကျိုးဟန်က ကျန့်ကျန့်အားပြောလိုက်သည်။

"ရပြီ လာ..ဆင်းခဲ့.. ''

"ဟုတ်.. ''

..............

မချစ်ရဲရင်အသည်းထားခဲ့ (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ