10u+z

2.6K 184 4
                                    

ယွီပင်းနဲ့ကောချန်အလုပ်လုပ်နေရင်း
Bossကို..အကဲခတ်နေမိသည်။

"ကောချန်.. ''

"Bossရဲ့..မေမေလေးက ဘယ်သူလဲ ''

"မင်းမသိတာလား.. လာ..ငါပြောမယ် အလုပ်ကို လုပ်ထားအုန်း..နားကနားထောင်..''

"အင်း... ''

"Boss ရဲ့ မေမေလေးက Boss မားရဲ့ညီမ
Boss ပါးရဲ့ ရည်းစားဟောင်း ၊ Boss ပါးပါးက အစ်မဖြစ်သူနဲ့လက်ထပ်တော့..သူက နိုင်ငံခြားမှာ.. ကျောင်းတက်နေတာကွ၊ ​ပြန်လာတော့.. အစ်မနဲ့ချစ်သူရဲ့..မင်္ဂလာပွဲက..ကြိုဆိုနေတယ်.. ဒါပေမယ့် ပညာတတ်ပြီး ညဏ်ကောင်းတဲ့ သူမက ဖြေးဖြေးချင်း ရက်စက်တယ်လေ..ခုလည်း ကြည့် တူကို.လိုက်နှောက်ယှက်ပြီး စီးပွားရေးကို တုတ်နဲ့ ထိုးနေတာ..ဒေါ်လေးချူက..ရုပ်လေးနဲ့မှမလိုက်..ကိုယ့်တူကိုတောင်..
နှောက်ယှက်တုန်း..''

"မေမေလေးက ဒေါ်လေးချူပေါ့..''

"အင်း.. ''

................

"မေမေလေး... ဘာတွေလျှောက်လုပ်နေတာလဲ..''

ကားကို ဝုန်းဒိုင်းကျဲမောင်းလာကာ..ဒေါနဲ့မောနဲ့..ဆင်းလာသော..တူတော်မောင်က
ဘယ်ဆိုးလို့လဲ.. တော်တယ်။

သူမသည်  စိတ်ထဲကချီးကျူးလိုက်ရင်း

"အေးဆေးပါ.. ရိပေါ်.. ထိုင်ပါအုန်း ..လက်ဖက်ရည်သောက်ပါအုန်း.. ''

ဧည့်ခန်းမှာ အကျအနထိုင်ကာ..လက်ဖက်ရည်သောက်နေသော..မေမေလေးက တကယ့် သိုးရေခြုံတဲ့ဝံပုလွေပင်။

မားနဲ့ စရိုက်က..တခြားစီပဲလို့ ရိပေါ်က တွေးလိုက်သည်။

"ကျွန်တော် လက်ဖက်ရည်သောက်ဖို့လာတာမဟုတ်ဘူး..မေမေလေးက.. ဘာလို့ ကျွန်တော့်ကို နှောက်ယှက်နေတာလဲ..''

"အိုး..ပြောတတ်တယ်နော်.. မေမေလေးက ဘယ်မှာ နှောက်ယှက်လို့တုန်း ..သားလေး
ပင်ပင်ပန်းပန်း ကြိုးစားထားတဲ့..Project လေးပဲ..သူများဆီပေးမိတာပါ..''

"မေမေလေး ..ဘာလို့လဲ.. ကျွန်တော် ဘာမှားလို့လဲ.. အရင်က .ဒီလိုတွေမလုပ်ပါဘူး..''

"အခုလုပ်တယ်လေ..ငါက အရင်က..နင့်မေမေလေး..မဟုတ်တော့ဘူး..''

"အဟက်.. မေမေလေး က အပြောင်းအလဲတွေ သိပ်မြန်တာပဲ..ကောင်းပြီလေ ကျွန်တော်ကလည်း  စိန်ခေါ်ရင်..တိမ်ပေါ်ထိလိုက်တဲ့သူပဲ..ကြောက်ပြီး ချောင်ကပ်နေမယ့်သူမှမဟုတ်တာ..မေမေလေး သိပါတယ်နော်.. ''

မချစ်ရဲရင်အသည်းထားခဲ့ (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ