Knock knock"ကိုကြီး... ကျွန်တော် ဝင်ခဲ့မယ်နော်..''
ရှောင်းကျန့် အိမ်ပြန်ရောက်ရောက်ချင်း...အပေါ်ထပ်က ရိပေါ် အခန်းဆီသို့ ဒရောသောပါး..ပြေးသွားလိုက်ပြီး..တံခါးခေါက်လိုက်သည်။
"ဟင်... ကိုကြီး.. မသက်သာဘူးလား
ဘယ်လိုနေတာလဲ..ကျွန်တော့်ကို ပြော..''"အင်း... ချမ်းတယ်..အီး..ဟင့်...ချမ်းတယ်..ကိုယ့်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့... ''
"မငိုပါနဲ့ တိတ်တော့နော်... ကျွန်တော် ရှိတယ်.. ဘယ်မှမသွားတော့ဘူး နော်
ကျွန်တော်.. ရှိတယ်.. ''"ချမ်းတယ်.. အင့်..ချမ်းတယ်.. ''
"ခဏလေးနော်.. စောင်သွားယူပေးမယ်...''
"ဟင့်.. ချမ်းတယ်.. မား...အင့်...''
ရှောင်းကျန့် ကြံရာမရတဲ့အဆုံး..စောင်ထဲ သူပါဝင်ပြီး..ဖက်ပေးလိုက်သည်။
"ကျွန်တော်ရှိတယ်နော်.. ဖက်ထားပေးမယ် မချမ်းတော့ဘူးနော်..အိပ်တော့.. ''
"ကိုယ်အိပ်သွားရင်..ဘေဘီက ထားသွားမှာလား...''
"မထားခဲ့ပါဘူး စိတ်ချလက်ချ အိပ်နော်..''
"အင်း... ''
ရှောင်းကျန့် ရင်ခွင်ထဲက လူကြီးပေါက်စကတော့...တစ်လောကလုံး အပိုင်စားရသလို..ပြုံးနေလေရဲ့။
*Thanks ဟောက်ရွှမ်း...
မင်းကြောင့်..ဘေဘီက ငါ့ကို ဂရုစိုက်ပေးနေပြီ..*ကျိရန် က..တံခါးဖွင့်ပြီး..ကြည့်လိုက်သည်။
"ကလေး.. ကိုကို ပြန်တော့မယ်.. ဂရုစိုက်လိုက်အုန်း...ဥက္ကဋ္ဌဝမ်ကို..''
"ဟုတ် ကိုကို လိုက်မပို့တော့ဘူး.. ''
ပြုံးပြုံးလေးသာ..ကျိရန် ထွက်ခဲ့သည်။
*ကလေးလေး..အဆင်ပြေတာပဲ..ကိုကို ကမြင်ချင်တာ..ကလေးရယ်..အရွဲ့တိုက်ပြီး မဆိုးရင်..ဘယ်လောက် ကောင်းမလဲ..*
...................
ညနေပိုင်းလောက်မှ ရိပေါ် နိုးလာသည်။ ရှောင်းကျန့်ကတော့ အိပ်ပျော်နေသည် မှာ နူတ်ခမ်းလေး က..ခပ်စူစူဖြစ်နေသည်။
DU LIEST GERADE
မချစ်ရဲရင်အသည်းထားခဲ့ (Complete)
Fanfictionအချစ်ဆိုတာBabyအတွက်ဘယ်လိုလဲမသိပေမယ့်..ကိုယ့်အတွက်ကတော့ ရယူခြင်းပဲBaby WYB တစ်ယောက်တည်း ချစ်နေလို့ မပြီးဘူး. တစ်ဖက်ကလည်းချစ်အုန်းမှပြီးပြည့်စုံမှာ..အဲ့လိုပဲ အတ္တ ကြီးနေတော့ ခင်ဗျားကို ကျွန်တော် ဘယ်လိုချစ်ရဲမှာလဲ.. XZ